at Thursday, January 01, 2009 Labels: , Posted by nyimuyar



သာယာလှပသည့် ဒီဇင်ဘာ နှောင်းပိုင်း နှစ်မကူးမီ ၂ ရက်အလိုမှာ ကွန်ပျူတာ ပျက်သွားပြီလား မသိဘူး ဆိုသည့် သတင်းစကားကို သက်ထားက ဖုံးဆက်ပြောပါတယ်။ အလုပ်ထဲရောက် နေတော့ ဘာမှ သေသေချာချာ မမေးလိုက်ဘူး သိပ်ဆိုးလာရင် ပိတ်ထားလိုက် လို ့သာ ပြောဖြစ်တယ်။ ညနေဖက် အိမ်ပြန်ရောက်တော့မှ အသံတွေ တဂီးဂီး တဂစ်ဂစ် မြည်နေလို့ လက်တော့ ကို ပိတ်ထားလိုက်တယ် ဆိုတာ သိရတယ်။



ဗီဇ နဲ့ ဝါသနာ အရ လက်တော့ ကို ဖွင့်ဖြစ်သွားတယ်။ အတူနေ သူငယ်ချင်း တယောက်ကလည်း ကူပါတယ်။ စစခြင်း ဘယ်ကနေ ဘယ်လို ဖွင့်ရမှန်း မသိတာနဲ့ပဲ နာရီဝက်ကျော် ကြာသွားတယ်။ မရရ အောင် ဖွင့်မယ်ဆိုတဲ့ စိတ်အခံ နဲ့ ကြိုးစားလိုက်တာ တနာရီ လောက်လည်း ကြာရော စာရေးသူ ရဲ ့ လက်တော့ တစစီ ဖြစ်သွားတော့တာပါပဲ။



အလင်းရောင် သိပ်မကောင်းတဲ့ နေရာတွေကို ဓာတ်မီးနဲ့ ကူထိုးပေးတဲ့ သက်ထားက ပြောရှာပါတယ်။ လက်တော့လည်း အေးချမ်းမေ သီချင်းလို ဖြစ်သွားပြီတဲ့။ တစစီကျိုးပဲ့နေတာတော့ မဟုတ်ဘူး။ တစစီ ပြုတ်သွားပြီ ပြန်တပ်လို ့ မှ ရပါတော့ မလားတဲ့။

ပြသနာရှာတဲ့ ပန်ကာ


၂၀၀၈ ဒီဇင်ဘာ အမှတ်တရပါပဲ။ စက်ကောင်းဖို ့ လေးခါတိတိ စက်ကို တစစီ ဖြုတ်လိုက် ပြန်တပ်လိုက် လုပ်ရတယ်။ နှစ်သစ်ကူးကြို တဲ့ဒီဇင်ဘာ ၃၁ (New Year Eve) မနက် ကျမှ အိုကေသွားပါတယ်။ နောက်ဆုံးမှာ စက်က အားလုံး ကောင်းသွားပေမယ့် ဝက်အူ တလုံးကတော့ ပိုနေတယ်ဗျ။

ညီမူရာ

Share

0 comments:

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.