at Thursday, January 15, 2009 Labels: , Posted by nyimuyar

စိန့်မာတင်သွား တောလား

တခါတမျိုး မရိုးနိုင်အောင် ကြားရသော ဇာတ်လမ်းများတွင် စိန့်မာတင်သွား တောလား သည်လည်း တခုအပါအဝင် ဖြစ်ပေလိမ့်မည်။ အမှတ် ၁၅ စိန့်မာတင် လမ်းသွယ်တွင် တည်ရှိသော စာရေးသူတို ့ နိုင်ငံသံရုံးက သုံးထပ်အဆောက်အဦ နှင့် ခြံဝင်းအတွင်းတွင် ခန့်ညားစွာ တည်ရှိလေသည်။ အဝင်၀ မှ သရက်ပင်ကြီးက အရိပ်ကောင်းစွာ ရစေသည်။

တနှစ်တခေါက် ကိုယ့်မြေ ကိုယ့်ရေ နှင့် မိဘများထံ ပြန်ချင်သူတဦးအနေဖြင့် မရောက်မဖြစ် ရောက်ရသော နေရာလည်း ဖြစ်သည်။ ယခုနှစ် ထုံးစံအတိုင်း မပြန်ခင် တခေါက် စာရေးသူတို ့ဇနီးမောင်နှံ ရောက်သွားတော့ ဝေလီဝေလင်း ပင်ရှိသေးသည်။ မိုးလင်းကာစ သစ်ရိပ်ဝါးရိပ် နှင့် ကြေးငှက်ကလေးများ မြည်သံ၊ လေနုအေးလေးများလည်း တိုက်ခတ်နေသေးရာ ရန်ကုန်က တရားရိပ်သာ တခုခု ထဲရောက်သွားသလိုပင် ခံစားရမိကြောင်း သက်ထားက ဆိုလေသည်။

ကိုယ်တွေလိုပင် စောင့်ဆိုင်းနေသူများ တော်တော်များနေပြီ။ မနက် ၈ နာရီထိုးတော့ သံရုံးတံခါးဖွင့်ပေးသည်။ ဒရဝမ် အဖိုးအိုကြီးက သံရုံးတံဆိပ် ရိုက်နှိပ်ထားသော နံပါတ်စဉ်ရေးသည့် စာရွက်တွဲတခု ထုတ်လာပေးသည်။ အဲ့ဒီထဲမှာ ဦးရာလူ ရေးပေတော့။ ည ၁၂ နာရီ နာရီပြန်တချက် သံရုံးအပေါက်ဝမှာ လာရေးသည့် စာရွက်က အတည်မဟုတ်။ ယခု သံရုံးတံဆိပ်တုံးပါ စာရွက်ကမှ အတည်ဖြစ်သည်။ အထူးသတိပြုဖွယ်ပင်။ သံရုံးသည် တိုင်းတပါးတွင် နိုင်ငံကိုယ်စားပြုဖြစ်လေရာ နိုင်ငံတော်နှင့် ယှဉ်၍ မငြင်းလေနှင့်၊

လိုအပ်သည့် လျှောက်လွှာကို ယူပြီးဖြည့်စွက် စောင့်ဆိုင်းနေရုံပင်။ ၂၀၀ရ လောက်မှ ထားပေးသော မိတ္တူကူးစက်မှာ လိုအပ်က ကူးနိုင်သေးသည်။ သံရုံးဝန်ထမ်းများ ရောက်ပြီး သူရို ့လုပ်ဆောင်ဖွယ်ရာ ကိစ္စလေးများ ပြီးလျှင် ၉ နာရီခွဲလောက်မှာ စပြီး အလုပ်လုပ်ပေးတော့သည်။

နံပါတ်စဉ် ရေးထားသည့် စာရွက်အတိုင်း တခါလျှင် လူ ၅ ဦး ခေါ်သည်။ နာမည်ခေါ်လျှင် လိုအပ်သည် ပူးတွဲတင်ပြခိုင်းသည့် စာရွက်စာတမ်းများပြ ပြီးလျှင် အခွန်ဆောင်ရမည့် ငွေကို တွက်ချက်ပေးလိမ့်မည်။ စာရွက်စာတမ်းများ ပြည့်စုံလျှင် အပိုစကားများ ပြောဖို ့မလိုအပ်ဘူးပေါ့။ ပြီးလျှင် ငွေပေးချေဖို ့စောင့်ဆိုင်းရုံပင်။ ငွေပေးချေပြီး အခွန်ထမ်းဆောင်ထားကြောင်း အထောက်အထားယူ ပြီးလျှင် နိုင်ငံတာဝန်ကို ကျေပွန်သည့် အခွန်ထမ်းပြည်သူတဦး အဖြစ် ဂုဏ်ယူစွာ ပြန်လာနိုင်ပေပြီ။

ကျောင်းသားများက နံပါတ်စဉ်စာရွက်မှာ လုံး၀ရေးစရာမလိုဘူး။ တက်နေတဲ့ ကျောင်းက ကျောင်းသားဖြစ်ကြောင်း ထောက်ခံစာ အပြည့်အစုံ အစစ်အမှန်သာ ပါသွားပါစေ။ စောင့်ဆိုင်းစရာလဲ မလိုအပ်ပါ။ အထူးစီစဉ်ပေးထားတာ တွေ ့ရပါတယ်။

ဒီတခေါက်သိလာတာကတော့ အက်စ်ပါ့စ် ၈၀ ကနေ ၁၁၀၊ အီးပီ ၁၁၀ ကနေ ၁၂၀။ ပီအာ ၁၂၀ ကနေ ၁၅၀ မဖြစ်မနေဆောင်ရမယ် သတ်မှတ်ထားတယ်။ လျှော့ဆောင်လို ့မရဘူး။ ဒါပေမယ့် အခွန်ဆောင်မယ့် လကိုတော့ ကြိုက်သလောက် သတ်မှတ်ဆောင်လို ့ရတယ်။ (၃လ ၆လ ၉ လ ၁နှစ် နှင့် အထက်) စသဖြင့်ပေါ့။ ဘယ်သူမှ တကူးတကန့်သွားပြီး တလထဲတော့ ဆောင်မယ်မထင်ပါဘူး၊ ဆိုတော့ သုံးလ လောက်က အနည်းဆုံး စဆောင်လို ့ရတာပေါ့။ သက်တမ်းတိုးမယ် ဆိုရင်တော့ လက်ရှိလ နဲ့ အနီးဆုံး ၃လကနေ ၆လလောက် ခွာပြီးဆောင်လို ့ရတယ်ဆိုပါတယ်။

ယခုတခေါက်အသွားမှာ စာရွက်စာတမ်းအချို ့ မိတ္တူမကူးသွားမိတာတွေ ရှိတော့ မိတ္တူကူးစက်များမကောင်းရင် ဆိုပြီး စိတ်ပူရသေးတယ်။

ဒါနဲ့ပဲ လျှောက်လွာအချို ့က လိုအပ်တာလေးတွေ ရေးမှတ်လာခဲ့တယ်။

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

၁။ ဝင်ငွေခွန်ထမ်းဆောင်ခြင်းနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းများအတွက်
က) WP/SP/EP/PR Card(မူရင်း၊ မိတ္တူ)
ခ) နိုင်ငံကူးလက်မှတ် (ဓာတ်ပုံကပ်ထားသော စာမျက်နှာနှင့် သက်တမ်းပါရှိသော စာမျက်နှာ)မိတ္တူ
ဂ) (အသစ်ဖြစ်ပါက) အလုပ်ခန့်စာ (မူရင်း၊မိတ္တူ)
ဃ) နောက်ဆုံး ဝင်ငွေခွန် ထမ်းဆောင်ခဲ့သည့် ပြေစာ၊ ထောက်ခံစာ (မူရင်း၊ မိတ္တူ)

၂၊ မှီခိုအဖြစ် နေထိုင်ကြောင်း ထောက်ခံစာ (မှီခိုများ အတွက် အလုပ်မလုပ်ကြောင်း ထောက်ခံစာ)
က) အခွန်ထမ်းဆောင် နေသူနှင့် တော်စပ်ပုံ အထောက်အထား(မူရင်း၊မိတ္တူ) - လက်ထပ်စာချုပ်၊ အိမ်ထောင်စုစာရင်း (မိဘများအတွက်)
ခ) နိုင်ငံကူးလက်မှတ် (ဓာတ်ပုံကပ်ထားသော စာမျက်နှာနှင့် သက်တမ်းပါရှိသော စာမျက်နှာ)မိတ္တူ
ဂ) နောက်ဆုံး ဝင်ငွေခွန် ထမ်းဆောင်ခဲ့သည့် ပြေစာ၊ ထောက်ခံစာ (မူရင်း၊ မိတ္တူ)

၃၊ ခေတ္တနေထိုင်သူများ အလုပ်မလုပ်ကြောင်း ထောက်ခံစာ (အလည်လာသူများအတွက်)
က) နိုင်ငံကူးလက်မှတ် (ဓာတ်ပုံကပ်ထားသော စာမျက်နှာနှင့် သက်တမ်းပါရှိသော စာမျက်နှာ)မိတ္တူ

၄။ နိုင်ငံကူးလက်မှတ် စာမျက်နှာကုန်ဆုံး၍ အသစ်ထုတ်ခြင်း
က) ကိုယ်ရေးရာဇဝင် နှင့် ဓာတ်ပုံ (၂)ပုံ
ခ) နိုင်ငံကူးလက်မှတ် (ဓာတ်ပုံကပ်ထားသော စာမျက်နှာနှင့် သက်တမ်းပါရှိသော စာမျက်နှာ)မိတ္တူ
ဂ) နောက်ဆုံး ဝင်ငွေခွန် ထမ်းဆောင်ခဲ့သည့် ပြေစာ၊ ထောက်ခံစာ (မူရင်း၊ မိတ္တူ)
ဃ) မှီခိုသူများ ဖြစ်ပါက (အိမ်ထောင်စုစာရင်း၊ လက်ထပ်စာချုပ် မိတ္တူ များ

၅၊ မွေးဖွားပြီး ကလေး မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်၊ မိခင်၏ နိုင်ငံကူးလက်မှတ်တွင် အမည်ဖြည်သွင်းခြင်း (မိတ္တူ ၂စုံ ပေးရမည်)
ကလေး၏ -
က) မွေးစာရင်း (မူရင်း၊ မိတ္တူ)
ခ) ကလေး ကိုယ်ရေးရာဇဝင် နှင့် ဓာတ်ပုံ
မိဘ ၂ဦးလုံး၏ -
က) နိုင်ငံကူးလက်မှတ်မိတ္တူ
ခ) အခွန်ပြေစာ မိတ္တူ
ဂ) လက်ထပ်စာချုပ် မိတ္တူ

နိုင်ငံသား စွန့်လွှတ်တာတော့ လုပ်ဖြစ်မှာ မဟုတ်လို ့ ကူးမလာပါဘူး။

အသိအမှတ် မပြူသည့် နိုတြီ ဘာသာပြန် ရှေ ့နေများ
၁) ဦးစိန်လင်း
၂) ဦးမြင့်အောင်
၃) ဦးစန်းမောင်
၄) ဦးကျော်ထွန်းအောင်

နိုတြီ စစ်မှန်ကြောင်း ထောက်ခံစာ တောင်းရာတွင် နေပြည်တော် နိုင်ငံခြားရေးရုံး၏ တံဆိပ်တုံးပါရမည်။


ညီမူရာ

မြန်မာသံရုံး (စင်ကာပူ) အင်တာနက်လိပ်စာ

Share

1 comments:

  1. ရည်ရည်လည်လည် မိုက်တယ်ဗျာ...

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.