at Saturday, January 10, 2009 Labels: , Posted by nyimuyar

အီးဇီးလင့်ခ် ကဒ်သစ်လဲခြင်း



ez-link card တွေ စပြီး လဲပေးနေလို ့ ဒီညနေပဲ စီးတီးဟော ဘူတာက လက်မှတ်ကောင်တာ (Ticket Office) မှာ သွားလဲ လိုက်တယ်။ နာရီဝက်လောက် တန်းစီ ပြီးတော့ မှ ကိုယ်တွေ အလှည့်ရောက်တယ်။ လူတွေ ကလည်း အသစ် လဲပေးတယ် ဆိုတော့ တန်းစီကြတာပေါ့။
ရလာတဲ့ ကဒ်အသစ်လေးက စီမ်းပြာလေးပါ၊ ကဒ်ဟောင်းထဲက ငွေတွေကို ကဒ်အသစ်ထဲ ပြောင်းပေးလိုက်တယ်။ နဂို စဘော် ငွေ လို အပေါင် သဘောမျိုး ပေးထားတဲ့ ၃ ဒေါ်လာလဲ ပြန်ထဲ့ပေးလိုက်တယ်။ ကဒ်အသစ် က စဘော်ငွေ သုံးဒေါ်လာ မရှိတော့တဲ့ အတွက် အထူးသတိထားဖို ့ လိုပါတယ်။ ဒီကိစ္စက တော်တော် သတိထားရမယ့် ကိန်းပဲ။ မေ့တတ်ပုံနဲ့ တော့ ဟုတ်နေပါပြီ။








ကဒ်ထဲမှာလက်ကျန်က ၅ ဒေါ်လာအောက် နည်းနေပြီဆို ကား စီးတဲ့အခါ ကားပေါ်က စက်က စီမ်းဝါရောင်အချက်ပေးမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၃ ဒေါ်လာရှိမှ ကား၊ရထား စီးသင့် တယ်လို ့ လည်း လက်ကမ်းစာရွက်မှာ အကြံပေးထားပါတယ်။

ကဒ်အသစ်မှာ ၂၇ ဖေဖော်ဝါရီ ၂၀၀၉ ကနေ စလို ့ ခရက်ဒစ်ကဒ် တွေ ဂျိုင်ယို(Giro) ငွေပေးချေ မှုတွေ နဲ့ ချိတ်ဆက်ထားပြီး အလိုအလျှောက် ပိုက်ဆံဖြည့်တင်း တဲ့ စံနစ်တွေ ကျင့်သုံးထား နိုင်ပါမယ်တဲ့။ ကဒ်ပျောက် တာတို ့ ခရက်ဒစ်ကဒ်တွေ နဲ့ မဟုတ်မမှန် အသုံးပြုတာတို့ကို ကာကွယ်ဖို ့အတွက် အီဇီး ရှီး (EZ-Link CardShield)အကာကွယ် အာမခံ ကို တရက်ကို ၁၅ ဆင့် နဲ့ ဝယ်ယူ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကဒ်အသစ်က နံပါတ်ကို အသုံးပြုပြီး အီဇီးလင့်ခ် အင်တာနက် စာမျက်နှာမှာ အကောင့်အသစ်ဖွင့် မှတ်ပုံတင်လိုက်မယ်ဆိုရင် မတော်တဆမှုကြောင့် ရာသက်ပန် ဒုက္ခိတ ဖြစ်မှု (accidental Permanent Total Disability insurance coverange) ကို ကာကွယ်ပေးတဲ့ အာမခံကို ၆ လ အလကား ရရှိနိုင်မှာ ဖြစ်ပြီး၊ အဲသလိုများ ဒုက္ခိတ ဖြစ်သွားရင် အလျှော်ငွေ ၅၀၀၀ ရရှိမှာ ဖြစ်ပါတယ် လို ့ ဆိုထားပါတယ်။

ကဒ်အသစ်ကို အရင်ကဒ်အတိုင်း သုံးလို ့ရတဲ့ နေရာတိုင်းမှာ သုံးလို ့ရနိုင်မယ့် အပြင် မော်တော်ယာဉ်တွေ မှာ သုံးစွဲမယ့် နောက်မျိုးဆက်သစ် စက်တွေမှာလည်း သုံးနိုင်မှာဖြစ်ပါတယ်။
ထူးခြားချက်
၁) ကဒ်ထဲမှာ စဘော်ငွေ တပြားမှ ချန်ထားဖို ့မလိုအပ်ပါဘူး။
၂) မော်တော်ယာဉ်တွေ မှာ သုံးစွဲမယ့် မျိးဆက်သစ် လမ်း တံတားဖြတ်သန်းခ စက်တွေ နဲ့ အဆင်ပြေစွာသုံးနိုင်မယ်။
၃) ကဒ်ထဲမှာ အများဆုံး ငွေ ၅၀၀ ထည့်ထားလို ့ရပါမယ်။
အသုံးပြုနိုင်မယ့် နေရာများကတော့
၁) အများသုံး ဘက်စ်ကား၊ ရထား များမှာ ချက်ခြင်းသုံးနိုင်ပါမယ်။
၂) ကျောင်းကန်တင်းတွေ ၊ ပုံနှိပ်လုပ်ငန်းများ၊ စားသောက်ဆိုင် များမှာ ၂၀၀၉ ပထမ သုံးလပါတ်အတွင်း စသုံးနိုင်ပါမယ်။
၃) ဆဲဗင်းအလဲဗင်း ဆိုင်တွေ၊ လမ်းတံတားခတွေ ၊ အက်စ်အမ်တာတီ အငှားယာဉ် တွေ ၊ ကျောင်းစာအုပ်ဆိုင်များ ၊စာကြည့်တိုက် တွေ နဲ့ မက်ဒေါ်နယ် စားသောက်ဆိုင်တွေ မှာ ၂၀၀၉ ဒုတိယ သုံးလပါတ်အတွင်း စသုံးနိုင်ပါမယ်။
၄) အအေး ရောင်းစက်တွေ ၊ ရေကူးကန်တွေ နဲ့ ဆေးရုံတွေ မှာ ၂၀၀၉ တတိယ သုံးလပါတ်အတွင်း စတင် သုံးနိုင်ပါမယ်။
အဲသလို လက်ကမ်းကြော်ငြာ စာရွက်မှာ ဖော်ပြပါရှိတာကို အညောင်းခံ ရေးသားရင်း ပို့စ်တခု တင်လိုက်ပါတယ်။

ညီမူရာ

images from: www.ezlink.com.sg, www.transitlink.com.sg

Share

6 comments:

  1. 10 January 2009 at 10:35  
    တေမိ said...

    ခုလို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် . မြန်မာလိုလေး ရေးပြပေးတော့ ဖတ်ရတာ ပိုအဆင်ပြေပြီး ခေါင်းထဲ တခါတည်း တန်းရောက်သွားတာပေါ့ .

  1. 10 January 2009 at 15:45  
    နောင်မွန်း said...

    ဒီ ပို့စ် မဖတ်ခင် တစွန်းတစ လောက် သိထားရာကနေ ခုလို အပြည့်အစုံ သိခွင့်ရတဲ့အတွက် ကိုညီမူရာ ရဲ့ အားထုတ်ရေးသားပေးထားတဲ့ စေတနာများအား လေးနက်စွာ ရယူသွားကြောင်း ။ နောက်များ ပို့စ်တွေကိုလည်း ဗဟုသုတရဖွယ် စောင့်စားနေပါမည့် အကြောင်း ။

  1. ကဒ်ထဲမှာလက်ကျန်က ၅ ဒေါ်လာအောက် နည်းနေပြီဆို ကား စီးတဲ့အခါ ကားပေါ်က စက်က စီမ်းဝါရောင်အချက်ပေးမှာ ဖြစ်ပါတယ်။ အနည်းဆုံး ၃ ဒေါ်လာရှိမှ ကား၊ရထား စီးသင့် တယ်လို ့ လည်း လက်ကမ်းစာရွက်မှာ အကြံပေးထားပါတယ်။...

    ကဒ်ထဲမှာ စဘော်ငွေ တပြားမှ ချန်ထားဖို့ ့မလိုအပ်ပါဘူး။

    ဒါဆို သုည ပြတဲ့ထိတော့ သုံးလို့ရပြီး အနှုတ်ပြတဲ့ထိ သုံးလို့ မရတော့ဘူးလို့ ဆိုလိုတာပါလား

  1. ဟုတ်ပါတယ် အနုတ်ပြလို ့မရပါဘူး ဒါကြောင့် ဘာပဲစီးစီး အနည်းဆုံး ၃ ဒေါ်လာရှိမှ စီးပါတဲ့ဗျား။ ၅ ဒေါ်လာအောက် ကျတာနဲ့ ချက်ခြင်း ပိုက်ဆံဖြည့်ပါလို ့လည်း အကြံပေးထားပါတယ်

  1. သေသေချာချာ ရေးပေးသွားတာလေးအတွက် ကျေးဇူးတင်ပါတယ်။

  1. ကျေးဇူးပါ bro! ခုထိ လဲရသေးဘူး.. card ကို

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.