at Monday, January 19, 2009 Labels: , Posted by nyimuyar


လက်လှမ်းမှီ သမျှ ကျန်းမာရေး အာမခံ (၃)


စင်ကာပူ မှာလည်း ကျန်းမာရေး အာမခံကို ၆ မျိုး အသေးစိတ်ထပ်မံပြီး ခွဲထားပါသေးတယ်။
၁) MediShield
၂) Medical Expense Insurance
၃) ElderShield
၄) Critical Illness Insurance
၅) Disability Income Insurance
၆) Long-Term Care Insurance

အဲ့ဒီထဲမှာ အဓိက မရှိမဖြစ် ထားသင့်တာကတော့ နံပါတ် ၂ မယ်ဒီကယ် အိပ်စ်စပန့် အာမခံ (Medical Expense Insurance) ပါ. သူက အခု ပြောနေရေးနေတဲ့ ဆေးရုံတက်စားရိတ် အာမခံပါပဲ၊

နောက်တခါ စင်ကာပူ ဆေးရုံတွေက အဆောင် အခန်းတွေကို ဒီလို သတ်မှတ်ထားပါတယ်။

A ward - တယောက်ခန်း
B1 ward - ၂ ယောက်ခန်း
B2 ward - ၄ ယောက်မှ ၆ ယောက်ခန်း
C ward - ဟောခန်း

ဆိုပြီး သတ်မှတ် ထားတာဖြစ်ပါတယ်။

အချို ့ ပေါ်လစီ တွေက ကျသင့်သလောက် ပေးမယ်။ ဒါပေမယ့် တရက်ကို အများဆုံး ဘယ်လောက် အထိ ပဲ ပေးမယ် ဆိုတာမျိုးလည်း ရှိပါတယ်။ အဲလို ကန့်သတ်ထားရင် အဲ့ဒီတရက်စာပေးမယ့် ငွေကို မူတည်ပြီး သင့်တော်တဲ့ အခန်းမှာ တက်ရတာပါ။ ဆိုကြပါစို တရက်ကို ၁၅၀ ပဲပေးမယ့် ပေါ်လစီဆိုပါတော့ ဆေးရုံက အခန်းက ဘီ၂ (၄ယောက် - ၆ယောက်ခန်း) က တရက်ကို ၁၁၅ဒေါ်လာ ဆိုတော့ အဆင်ပြေတယ်။ ဖြစ်ချင်တော့ ဆေးရုံလည်း ရောက်ရော ဘီ၂က နေရာမရှိတော့ဘူး ဒါနဲ့ ဘီ၁(၂ယောက်ခန်း) တရက် ၁၈၀ တန်လောက် တက်လိုက်ရတယ်။ ဒါဆို အာမခံက ပေးတာ တရက် ၁၅၀ မလောက်ဘူး ပိုတဲ့ ၃၀ ကိုယ်စိုက်ပေါ့။ ဒါမျိုးအာမခံကတမျိုး။

နောက် အာမခံ တမျိုးကလည်း ကျသင့်သလောက် ပေးမယ် ဒါပေမယ့် ဘီ အခန်းတွေပဲ တက်လို ့ရမယ် လို့ ပြောထားရင်။ သူတို ့က ဘီအခန်းတွေ တက်ရင် အကုန်ကျသမျှပေးမယ်။ တကယ်လို ့ ကိုယ်က ဘီအခန်းတွေ မအားလို ့ အေအခန်းတွေ သွားတက်မယ်ဆို ပိုတဲ့ပိုက်ဆံ ကိုယ်စိုက်ပေါ့။

နောက်တမျိုးကလည်း ရှိသေးတယ်၊ ဒါကတော့ ကောင်းတဲ့ဘက် ကိုယ်ပြန်ရမယ့် ဘက်ပေါ့။ ဥပမာ ကိုယ်ဝယ်ထားတဲ့ အာမခံက ဆေးရုံတက်ရင် အေ(တယောက်ခန်း) တွေ တက်လို ့ရတယ် ဆိုပါတော့။ ဆေးရုံလည်း ရောက်ရော အေအခန်းတွေ က မအားဘူး။ ကံမကောင်းစွာပဲ စီ(ဟောခန်း)တွေပဲရလို စီဆောင်မှာပဲ တက်လိုက်ရတယ်ဆိုရင်။ နောက်ဆုံးပိတ် ပိုက်ဆံ ပြန်တောင်းတဲ့အခါ တရက်ကို ဘယ်လောက် ပိုက်ဆံပြန်ပေးတာမျိုးပေါ့ (နစ်နာကြေးပေါ့ဗျာ) တကယ်ပိုက်ဆံပြန်ပေးမှာလား ဒါမှမဟုတ် ကိုယ်ပေးစရာရှိတဲ့ ပိုက်ဆံထဲက ခုနှိမ်ပေးမှာလားကတော့ အာမခံဝယ်ကတည်းက သေချာမေးကြည့်ရမှာပါ။

စင်ကာပူဆေးရုံတွေမှာ အစိုးရက ထိန်းကျောင်းထားတဲ့ (အစိုးရပိုင် ဆိုကြပါစို ့ရဲ့) ဆေးရုံ တွေနဲ့ ပုဂ္ဂလိက ပိုင်ဆေးရုံဆိုပြီး အဓိကအားဖြင့် ၂ ပိုင်းခွဲထားပါတယ်။ အစိုးရပိုင် ဆိုတာမျိုးက ထုံးစံအတိုင်း သက်သာတာပေါ့ဗျာ။

အစိုးရပိုင်၊အများပိုင် ဆေးရုံများ
Public/Restructured General Hospitals
* Alexandra Hospital (a former British Army Hospital until 1970)
* Changi General Hospital
* Jurong General Hospital (planned)
* National University Hospital
* Khoo Teck Puat Hospital (under construction)
* Singapore General Hospital
* Tan Tock Seng Hospital

Public/Restructured Specialist Centres
* Communicable Disease Centre
* Kandang Kerbau Women's and Children's Hospital
* National Blood Centre
* National Dental Centre
* National Skin Centre
* National Cancer Centre
* National Heart Centre
* National Neuroscience Institute
* Singapore Gamma Knife Centre
* Singapore National Eye Centre
* Institute of Mental Health (originally known as the Woodbridge Hospital)

ပုဂ္ဂလိကပိုင် ဆေးရုံများ
Private Hospitals
* Adam Road Hospital
* Camden Medical Centre
* East Shore Hospital and Medical Centre
* Gleneagles Hospital and Medical Centre
* HMI Balestier Hospital
* Johns Hopkins Singapore International Medical Centre
* Mount Alvernia Hospital and Medical Centre
* Mount Elizabeth Hospital
* Novena Medical Center
* Raffles Hospital
* Thomson Medical Centre
* Westpoint Hospital

့အသေးစိတ် သိလိုသူများ ဒီနေရာ မှာ ကြည့်ပါ။


အချို ့ အာမခံတွေမှာ ကိုယ်ဝယ်ထားတဲ့ အဆင့်ပေါ်မူတည်ပြီး
အစိုးရ နဲ့ ပုဂ္ဂလိက ဆေးရုံတွေ ဘယ်မှာပဲ တက်တက် အကုန်ပေးမယ်
အစိုးရ ဆီမှာ အကုန်ပေးပြီး ပုဂ္ဂလိက ဆေးရုံမှာ တက်ရင် ၆၅ ရာနှုန်းပဲပေးမယ်
အစိုးရ ဆီမှာပဲ တက်ခွင့်ရှိမယ်
နောက်တခါ အစိုးရ ဆေးရုံမှာ တက်ရင်ေးမတာင်မှာ အေဆောင်အထိ တက်လို ့ရမယ်
ဘီဆောင်တွေ ပဲတက်လို ့ရမယ် စီဆောင် တွေပဲ တက်လို ့ရမယ် ဆိုတာမျိုး ကွဲပါသေးတယ်။

အမျိုးသမီး တွေ ကိုယ်ဝန်ဆောင်တဲ့ အခါ ပုံမှန် သားဖွား ခြင်းကို မိန်းမ သဘာဝ ဖြစ်တဲ့အတွက် ကုန်ကျစားရိတ် (မီးဖွားစားရိတ်) ကို အာမခံတော်တော်များများက မပေးပါဘူး။ ဒါပေမယ့် အချို ့ အာမခံပေါ်လစီတွေမှာ ကျတော့ ရှုပ်ထွေးတဲ့ ကိုယ်ဝန်တည်မှု(စပျစ်ခိုင်ကိုယ်ဝန်) လိုမျိုးဖြစ်ခဲ့ရယ် ကုသစားရိတ် ဘယ်အတိုင်းအတာ အထိ ပေးပါ့မယ် ဆိုတာမျိုးပါပါတယ်။ ဈေးလည်း ပိုပါတယ်။

ကိုယ်ဝန်ဆောင် အာမခံ ပေါ်လစီ သပ်သပ်ရှိတာဆိုလို ့ AXA တခုပဲတွေ ့မိပါတယ်။ သူက အမိ ရော အဖပါ သူ ့ဆီမှာ အာမခံ ထားရမယ် ဒါဆို မိခင် ကိုယ်ဝန်ဆောင် ကုန်ကျစားရိတ်ကို သပ်သပ်ဝယ်လို ့ရပါတယ်။ တနှစ် ကို ၁၂၀၀ ပါ။ ဒါပေမယ့် ပထမ နှစ် သုံးလ အတွင်းကိုယ်ဝန်မရှိရဘူး ဆိုပါတယ်။ ဆိုတော့ ကိုယ်ဝန်ဆောင် ၉ လကျော်မှ မွေးမှာ ဆိုတော့ သေချာပေါက် ၂ နှစ်စာဝယ်ရပါမယ် ၂၄၀၀ ပေါ့၊ ဒါပေမယ့် ကန် ့သတ်ချက်က ရိုးရိုး ပုံမှန် သဘဝအတိုင်း မွေးခြင်းကို ၅၀၀၀ အထိပဲ ကုန်ကျခံပေးမှာဖြစ်ပြီး ရှုပ်ထွေးပွေလီတဲ့ မီးဖွားခြင်းမျိုးကို ၁၂၀၀၀ အထိ ကုန်ကျခံပေးမယ် ဆိုပါတယ်။
သိချင်သူများအတွက် ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ AXA MaternityRider

လူနာတင်ကား ခေါ်ရင် ဘယ်လောက်အထိ ပေးမယ်။ ကင်ဆာဖြစ်ရင် တနှစ်ကို ဘယ်လောက် အထိ ကုသပေးမယ်။ ကျောက်ကပ် ဆေးရင် ဘယ်လောက် ဆိုတာမျိုးတွေ ကိုယ်ဝယ်ထားတဲ့ အာမခံ အဆင့်အလိုက် သတ်မှတ်ပေးထားတာ ရှိပါတယ်။ နောက်တခုက အချို ့ပေါ်လစီတွေမှာ အထူးကြပ်မတ်ကုသဆောင် အိုင်စီယူ (Intensive Card Unit ) တက်ရင် အများဆုံး ၁၅ ရက်ပဲ တက်ခွင့်ရှိမယ် (၁၅ ရက်အတွင်း ကျသလောက်ပေးမယ်။ ကျော်ရင် ကိုယ်ဖာသာ ပေးရမယ်) ဆိုတာမျိုး။ အချို ့ကျတော့ အိုင်စီယူ ကျသလောက်ပေးမယ် ရက်ကန် ့သတ်မထားတာမျိုးပါ။
ရက်ကန့်သတ် မထားတာတော့ ပိုကောင်းပါတယ်။ ဖြစ်မှတော့ ဘယ်တော့ ပြန်ကောင်းမယ် ဆိုတာ ဘယ်သူမှ မသိနိုင်တဲ့ အရာမျိုးကိုး။

များသော အားဖြင့် ဆေးရုံ တက်တဲ့အခါ အရေးပေါ်လို မဟုတ်တဲ့ ကိစ္စမျိုးတွေမှာ ဆရာဝန်တွေ နဲ့ ရက်ချိန်းကြိုယူရပါတယ်။ အဲ့လို ဖြစ်ရပ်မျိုးမှာ ဆေးရုံမတက်ခင် အာမခံ ကုမ္ပဏီကို ကြိုတင် အကြောင်းကြားပြီး ထောက်ခံစာ Letter of Guarantee တောင်းထားရင်၊ အဲ့ဒီစာနဲ့ ဆေးရုံသွားတဲ့အခါ စဘော်ငွေ ပေးစရာမလိုတတ်ပါဘူး။ ဒါကြောင့် ဒါမျိုးတွေကိုလည်း အာမခံ မဝယ်ခင်သေချာမေးဖို ့လိုပါတယ်။ အရေးပေါ် ဗြုန်းစားကြီး ဖြစ်သွားရင် ရော ဘယ်လို ဘယ်နည်း ပိုက်ဆံသွင်းမလဲ၊ ဒါမှမဟုတ် အဲ့လို အရေးပေါ်ဖြစ်ရပ်တွေမှာ အာမခံ ကုမ္ပဏီက ဆေးရုံနဲ့ ဘယ်လို ချိတ်ဆက်ဆောင်ရွက်ပေးမယ် ဆိုတာမျိုးတွေလည်း မေးဖို ့မြန်းဖို ့ လိုအပ်ပါလိမ့်မယ်။

တကယ်ကတော့ ကျန်းမာရေး အာမခံ ထားတယ်ဆိုတာ လောင်းလိုက်တာပါပဲ။ ကိုယ့်မကျန်းမာမှုကို အာမခံ ဝယ်ပြီး ဆေးရုံတက်ရ မတက်ရ လောင်းတာပါပဲ။ ကျန်းမာရေး အာမခံ မှာ ဆေးရုံတက်ရပြီး ပိုက်ဆံ ကုန်တဲ့အခါ ကိုယ်မြတ်တယ် ပေါ့ဗျာ။ ဟော ကိုယ်ကျန်းမာပြီး ဆေးရုံမတက်ရတော့ ကိုယ်ရှုံးတယ်လို ့မတွက်ဘဲနဲ့ ကိုယ့်ပေးထားတဲ့ ပိုက်ဆံ နဲ့ သူများ နာမကျန်းဖြစ်တဲ့သူတွေကို ဆေးအလှုလုပ်ပေးတယ် လို ့ သဘောထားနိုင်ရင်ဖြင့် ပိုက်ဆံကုန်ပြီး ဒါနလည်း မြောက်နိုင်ပါတယ်။

ဘယ်သူပဲဖြစ်ဖြစ် တတ်နိုင်သရွေ ့ကျန်းမာရွှင်လန်းပြီး ရောဂါဘယတွေ ကင်းရှင်း ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နဲ့ လက်လှမ်းမီ သမျှကျန်းမာရေး အာမခံ ကို အဆုံးသတ်လိုက်ပါတယ်။ စင်ကာပူမှာ နေတုန်း စိတ်ချရအောင် ကျန်းမာရေးအာမခံ ဝယ်ယူထားသင့်တယ်လို ့့တိုက်တွန်းရင်း

ညီမူရာ

Dedicated Thanks to
ဤ လက်လှမ်းမီသမျှ ကျန်းမာရေး အာမခံ ဗဟုသုတများကို အသေးစိတ် ရှင်းပြပေးကြသော

NTUC Income မှ Ms. Tay Geok Hoon (geokhoon.ntuc@gmail.com/ geokhoon.tay@income.com.sg)

Prudential မှ ကိုကျော်ဇော (kyawzaw@gmail.com)

Prudential မှ ကိုကျော်သက်

Manulife မှ မနှင်းနှင်းဝေ (hninwai.ma@manulife.com.sg)

AXA မှ Ms. Yvonne Ang (yvonne.ang@axa.com.sg)

တို ့အား အထူးကျေးဇူး ဥပကာရ တင်ရှိပါကြောင်းနှင့်
စာရှုသူ အပေါင်း မရှင်းလင်းသည်များ အသေးစိတ် ထပ်မံ သိရှိလို သော အချက်အလက်များ ရှိပါကလည်း
အထက်ပါ ပုဂ္ဂိုလ် များအား မေးမြန်း စုံစမ်းနိုင်ပါကြောင်း။

Share

2 comments:

  1. ကေူျးဇူး

  1. အခုလိုပြည့်ပြည့်စုံစုံသိရတဲ့အတွက်
    ကျေးဇူးတင်ပါတယ်..

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.