Jurong Point Extension 2

ခရစ္စမတ်နေ ့ က ဘွန်လေး ကို မထင်မှတ်ဘဲ ရောက်တယ်။ အဲဒီရောက်မှ ဂျူရောင်းပွိုင့် ရှော့ပင်းမော အပိုင်း၂ အဖြစ်တိုးချဲ ့ ထားတာ ဖွင့်သွားပြီ ဆိုတာ သိလိုက်ရတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ ့ကမှ ဖွင့်တာဆိုပဲ။ အခုဆိုရင် Extension 2 (JP2) ဖွင့်လိုက်ပြီးတဲ့အခါ စတုရန်းပေ ၇၅၀၀၀၀ (ဘောလုံးကွင်း ၁၀ ခုစာ၊ ဆိုင်ခန်းပေါင်း ၄၅၀) ကျယ်ဝန်းပါတယ်တဲ့။

ဟုတ်ပါ့ တကယ်လည်း ကြီးပါပေတယ်၊ နေ့လည် ၂ နာရီထဲက လျှောက်ကြည့်လိုက်တာ ည ၇ နာရီခွဲ တာတောင် ကြည့်လို ့ ပတ်လို ့ မပြီးတတ်သေးဘူး။ NTUC Fairprice ကလည်း Xtra ဆိုပြီး ၂၄ နာရီ ဖွင့်တယ်တဲ့ တတိယထပ်မှာပေါ့။ တော်တော်ကြီးပြီး ဖွင့်ကာစဆိုတော့ သစ်လွင် တောက်ပြောင်နေတာပါပဲ။



အလင်းရောင် သုံးထပ်လုံး အလင်းရောင် Energy Saving ရအောင် တော့ ဆောက်ထားတယ်။ လူတွေဟာလည်း ရှုပ်ထွေးနေတာပါပဲ။ ရောက်ဖူးသမျှ ထဲမှာ အကြီးဆုံး မောကြီးလိုလိုတောင် ခံစားရတယ်။ အောက်ဆုံးထပ်မှာ စားသောက်ဆိုင်တွေ အများဆုံးပေါ့။ အလယ်က အလင်းရောင်ရတဲ့ နေရာမှာ ခုံတွေခင်းထားတာ ကျန်တဲ့ အထပ်တွေကနေ ကြည့်လို ့မြင်ရတယ်။


ဒီလောက်ကြီးတဲ့ နေရာမှာတောင် လူတွေ သိပ်ရှုပ်တာပဲ၊ စလုံးက လူတွေလည်း သွားစရာ နေရာ မပေါလို ့ ဖြစ်ရမယ်။ ခရစ္စမတ် သစ်ပင် ခပ်သေးသေးလေး တပင်ထားပေးတာ ရိုက်လိုက်ကြတဲ့ ဓာတ်ပုံ ကိုယ်တွေတောင် ပါသေးတယ်။

ဗီဗို စီးတီး တို ့ ဆန်းတက် စီးတီး တို ့လို မြို့လယ်ခေါင်မဟုတ်တဲ့ မြို့စွန်မှာ ရှိတဲ့ Mall တွေထဲမှာ တော့ အကြီးဆုံးဆိုပဲ။ အဲ့ဒီက Fairprice Xtra ကလည်း အကြီးဆုံး ဖြစ်လာမယ်တဲ့၊ တိုင်းကြည့်လို ့မှ မရတာ သူတို ့ပြောသမျှ ရေးသမျှ ဖတ်ရတာပေါ့။

ဟုတ်၏ မဟုတ်၏ အသာထား၊ နောင်ဆို အာမိုကို Fairprice Xtra ဘက် သွားစရာမလိုတော့လို ့ ဝမ်းသာပါတယ်။ ဖွင့်ကာစဆိုတော့ ဘယ်လောက်ဖိုးဝယ်ရင် ရမယ်ဆိုတဲ့ ကံစမ်းမဲ လက်မှတ်တွေလည်း အချို့ဆိုင်တွေက ပေးနေသေးတယ်။ ရှော့ပင်းမော ကြီး သစ်လွင် တောက်ပနေတုန်း သွားလိုက်ကြဦးဗျာ။

ညီမူရာ

Share

ဒိန်ချဉ် နဲ့ အမဲနှပ် ဆီပြန်

ကိုအန်ဒီရဲ့ ဝီရှီမီ ကနေ အမဲသားကြော်နည်း ကို ဖတ်ကြတော့ သက်ထားက ပြောတယ်၊ ယောက်ျား ဒီမှာ အမဲသားကြော်နည်းတွေ စားချင်လာပြီ ချက်ကြရအောင် တဲ့။

ဒါနဲ့ လင်မယား ၂ ယောက် ဝင်းသူဇာ ပြေးပြီး အမဲသား ကီလိုဝက် ၂ ထုပ်(၁ ကီလို) ဝယ်ကြတယ်။ ပြန်လာပြီး အမဲသားတွေ အအေးခံ ထားလိုက်တယ်။ အဲဒီတုန်းမှာ ကြက်သွန် ၃ ဥ လောက်နွာပြီး ခပ်ကြီးကြီးလေး စိပ်ထားတယ်။ ကြက်သွန်ဖြူ ကိုလည်း ၆ မွှာ လောက် နွာပြီး ဓားနဲ့ ဖိထားလိုက်တယ်။

အမဲသားတွေ အသင့်ဖြစ်တော့ အတူနေညီငယ် တယောက် အကြံပေးတဲ့ အတိုင်း ဒိန်ချဉ်ကို သတိရသွားတယ်။ စာရေးသူတို ့ ဇနီးမောင်နှံ မှာ ချစ်သူက အမဲသားကြိုက်တယ် ဆိုတော့ မကြာခဏ ချက်ဖြစ်တယ်လေ။ အမဲသားချက်တဲ့ အခါတိုင်း အဲဒီ ညီငယ်က အကို ဒိန်ချဉ်ထဲ့ချက်တာ ပိုကောင်းတယ် ချက်ကြည့်ပါလားလို ့ ပြောလေ့ ရှိတယ်။

ချက်တိုင်းလည်း ဒိန်ချဉ်မရှိတာနဲ့ မထည့်ဖြစ်ဘူး။ ဒီတခေါက် ဒိန်ချဉ် ဝယ်ထားမိတော့ ဒိန်ချဉ် လက်ဖက်ရည်ဖျော် ဇွန်းနဲ့ သုံးဇွန်း ထည့်နယ်ဖြစ်တယ်။ ဆား သင့်ရုံ ထည့်ပြီး ကုလားလေး မဆလာ ပါထည့်နယ်ထားပြီး နာရီဝက် မရှိတရှိလောက် နှပ်ထားလိုက်တယ်။

အားလုံး အဆင့်သင့် ဖြစ်ပြီ ဆိုတာနဲ့ ရန်ကုန်က သယ်လာတဲ့ ပရက်ရှာကွတ်ကာ ထဲကို ဆီထည့် ၊ ဆီပူတော့ အရောင်တင် ငရုတ်သီးမှုန် ့ ထည့် မွှေးလာပြီ ဆိုတော့ မှ ကြက်သွန်ဖြူ၊နီ ထည့် ခဏလေးကြာတာနဲ့ အမဲသားတွေ ထည့်ပြီး မွှေတာပေါ့။ ခရမ်းချဉ်သီး ၂ လုံးလောက် အနှစ်အရသာ ကောင်းပြီး အရောင်လှဖို ့ စိပ် ထည့်သေးတယ်။ အသားတွေ အရောင်နဲနဲ ပြောင်းလာတဲ့ အထိ လုံးပြီးမှ ရေမြုပ်ရုံထည့် ပြီး ပရက်ရှာကွတ်ကာ နဲ့ ချက်လိုက်ရုံပါပဲ။

အဖုံးပိတ်ပြီး နာရီဝက်လောက် ရှူးရှူး နဲ့ အသံတွေ မြည်တာ သည်းခံပြီးရင် နူးနေတဲ့ အမဲသားဟင်းရနေပါပြီ။ ပရက်ရှာကွတ်ကာ မရှိခင်က တနာရီမရှိတရှိလောက် ချက်ရတယ်။ ခုတော့ အချိန်ကုန် ပိုသက်သာပြီး ပိုနူးတာပေါ့။

မီးဖိုကို မီးပိတ်ပြီး လေတွေထုတ်၊ အဖုံးဖွင့်ပြီးတာနဲ့ ငရုတ်သီးစိမ်း စားနိုင်သလောက် လှီးထည့်။ မီးအေးအေး နဲ့ ရေခန်းအောင် နဲနဲ ထပ်ဖွင့်ထားလိုက်တယ်။ ဆီပြန်စပြုနေပြီဆို မဆလာအုပ်ပြီး အဖုံးလေး အသာပိတ် မီးလည်း ပိတ်လိုက်ရုံပါပဲ။

မွှေးကြိုင် နူးအိနေတဲ့ အမဲနှပ်ဆီပြန်ဟင်း တခွက် မြိန်ယှက်စွာ စားသုံးရုံပါပဲ။ ဒီတခေါက် ဒိန်ချဉ်ရဲ ့အစွမ်းကို တွေ ့တာပါပဲ။ အမဲနှပ် က ခါတိုင်းထက် နူးညံ့ပြီး ပိုအိတယ်။ ပျော့အိနေတာမျိုးမဟုတ်ဘဲ အမဲသားရဲ့ ဂုဏ်ပုဒ် ဖြစ်တဲ့ အမျှင်အမျှင် လေးတွေကို သွားနဲ့ ဆွဲတာမှာ ပျော့ပျောင်း နူးညံ့တဲ့ ဖီလင်ရတာပါပဲ။

ဒိန်ချဉ်အစွမ်းနဲ့ ပိုကောင်းနေတဲ့ အမဲသားနှပ် ဟင်းကို စားလိုက်ကြတာ ဓာတ်ပုံရိုက်ဖို ့မေ့သွားတယ်ဗျာ။ ဒိန်ချဉ်ကြောင့် နဲနဲပိုဆိမ့်သလို ခံစားရတဲ့ အမဲနှပ်ဟင်းဟာ မဆလာနဲ့ ငရုတ်သီးစိမ်းကြောင့် မွှေးကြိုင် သင်းပျံ့ပြီး စပ်တပ်တပ်လေးနဲ့ ထမင်းကို ပိုစားစေ ပါတော့တယ်။


ညီမူရာ

Share


နိုကီယာ ၆၂၈၈ ကို ဆော့ကစားခြင်း (၂)

ဒါနဲ့ ဘယ်လို လုပ်ရင် ပြန်ရမလဲ ဆိုပြီး အင်တာနက်တွေပေါ် လိုက်ရှာရင်းနဲ့ အချိန် တပါတ်လောက် ကုန်သွားပါ တော့တယ်။ ပျောက်သောသူ တောင်မှ ရှာရင်တွေ ့နိုင်သေးတာပဲ ဆိုပြီး ဇွဲကြီးကြီးနဲ့ ရှာတာ နောက်ဆုံး တွေ ့ သွားပါတယ်။ အလုပ်နဲ့ ပတ်သက်တဲ့ ကိစ္စ တောင်မှ အဲ့သလို ရှာချင်မှ ရှာမိမယ်၊ အခုဟာက မရရင် မဖြစ်ဘူးဆိုတော့ ရှာရတာပေါ့။ ပထမ သုံးလေးရက် က ဘယ်လိုမှ အစရှာမရဘူး။

အဲ့ဒီကျမှ ကိုယ်သုံးနေတဲ့ ဖုန်းအကြောင်း တော်တော် စုံစုံလင်လင် သိသွားပါတယ်။ နိုကီယာက ကနဦးမှာ DCT-3 နဲ့ DCT-4 ဆိုတဲ့ စနစ်တွေနဲ့ ဖုန်းကို လော့ခ် လုပ်ထားပါတယ်။ နောက်ပိုင်းမှာ လူတွေက အန်လော့ခ် လုပ်လာကြတော့ Base Band 5 (BB5) ဆိုတဲ့ စနစ်အသစ်ကို မိတ်ဆက်ပြီး နောက်ပိုင်း နိုကီယာတွေမှာ သုံးပါတယ်။ စာရေးသူရဲ့ ၆၂၈၈ ကလည်း BB5 စနစ်သုံး ဖုန်းပါ။ BB5 ဆိုတာ ဘာလဲ သိချင်သူများ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ လေ့လာနိုင်ပါတယ်။ နိုကီယာ ၆၂၈၈ မော်ဒယ် ဟာ Symbian စနစ်သုံး Series 40 3rd Edition (initial release) ဖုန်းတလုံး ဖြစ်ပါတယ်။

နောက်ဆုံး ဂွတ်ဂယ် ကျေးဇူးနဲ့ ဆိုဒ်တခု သွားတွေ့တယ် ဘလူး-နိုကီယာ တဲ့။ အဲ့ဒီ ဆိုဒ် မှာ နိုကီယာ ဖုန်းတွေ အကုန်လုံး နီးပါရဲ ့ Firmware (Flash Files) တွေကို စုဆောင်းပေးထားပါတယ်။ သူ ့စနစ်နဲ့ သူ စနစ်တကျ ခွဲပေးထားတာပေါ့။ ဖုန်းကို ပြင်တဲ့ သူတွေတော့ အလွန်သုံးဝင်မယ့် ဆိုဒ် ဖြစ်ပါတယ်။ လေ့လာလိုသူများ Blue-Nokia ကို ဒီနေရာ ကနေ သွားနိုင်ပါတယ်၊ ၆၂၈၈ ရဲ့ ဖန်းဝဲလ် ကို ရှာလိုက်တော့ နိုကီယာ က ထုတ်ထားတဲ့ ၆.၁ ဗားရှင်းအပြင်။ ပြင်ပက ဆော့ဝဲလ် သမားတွေ ရေးထားတဲ့ ၆.၄၃ ဗားရှင်းအထိ ရှိနေတာ တွေ ့လိုက်ရပါတယ်။ ဒါနဲ့ပဲ သိတဲ့အတိုင်း နောက်ဆုံး အငြိမ်ဆုံးလို ့ သေချာတဲ့ ၆.၄၃ ကိုပဲ ဒေါင်းလုပ် ဆွဲချလိုက်ပါတယ်။

ဖန်းဝဲလ် ၆.၄၃ ကို ဆွဲချပြီး အင်စတော လုပ်ကြည့်တော့ ဖိုင်တွေကို သာ ကွန်ပျူတာထဲ ကော်ပီကူး ထည့်ပေးသွားတယ် ဘာမှ မလုပ်ပေးသွားပါဘူး။ စာရေးသူ အဖြစ်က ဒီဗီဒီပြားရပြီး အောက်စက်မရှိလို့ ရုပ်ရှင် မကြည့်ရတာနဲ့ တူနေပါတယ်။ ဒါနဲ့ ကြားခံ ဆော့ဝဲလ် တခုခု လိုဦးမှာပဲ ဆိုပြီး ဂွတ်ဂယ်ကြီး အားကိုး ရပြန်ပါတယ်။

နောက်ထပ် သုံး လေးရက်လောက် နေမှ ဖိုရမ်တခုကို တွေ့ပါတယ်။ Gsm Hosting တဲ့၊ အဲ့ဒီ ဖိုရမ်မှာ ဘာသွားတွေ့လည်း ဆိုတော့ နိုကီယာ တွေ ဖုန်းသာ Physical အစိတ်အပိုင်း မပျက်စေနဲ့ ဆော့ဝဲလ် ပိုင်း ဖန်းဝဲလ်ပိုင်း သာ ပြစ်ချက် ဖြစ်ပါစေ ပြန်ကောင်းအောင် လုပ်နိုင်ရမယ် ဆိုတဲ့ တော့ပစ် တခု သွားတွေ ့ပါတယ်။ အဲ့ဒီအထဲက ညွန်းထားတဲ့ အဆင့် ၅ ခု အတိုင်း လိုက်လုပ်လိုက်တာ နောက်ဆုံးမှာ စာရေးသူရဲ့ နိုကီယာ ၆၂၈၈ ဖုန်း ပုံမှန်ပြန်ဖြစ်သွားပါတယ်။ ဖုန်းက လုံး၀ ပါဝါဖွင့် လို ့မရတော့ တောင်မှ ပြန်ကောင်းပါတယ်။ ဘယ် နိုကီယာ BB5 စနစ်သုံး မဆို လုပ်လို့ရပါတယ်။

တပါတ်လောက် စိတ်အညစ်ခံပြီး နောက်ဆုံး ပြန်ရသွားတော့ လင်မယား ၂ ယောက်လုံး ပျော်လိုက်တာလေ၊ ပြောမပြတတ်အောင်ပါပဲ။ သူကလည်း အကောင်းကနေ သုံးမရဖြစ်တဲ့ ဖုန်း ပြန်ကောင်းတော့ ပျော်။ စာရေးသူကလည်း လျှောက်ကလိတာ ပြန်အဆင်ပြေလို ့ပျော် နဲ့ တပါတ်လောက် စိတ်ညစ် စိတ်ပင်ပန်းခဲ့တာတွေ တောင် ပျောက်ကုန်ပါတယ်။ သူက ပြန်ကောင်းအောင် လုပ်နိုင်တဲ့ နည်း ရှာဖွေတွေ ့ရှိသွားတဲ့ စာရေးသူကိုလည်း ပြုံးကြည့်လို ့။ သူ ့အပြုံးကြောင့် လောကကြီးကို ခဏလောက်တောင် မေ့လို ့သွားပါတယ်။

ညီမူရာ။

အောက်ပါ အင်တာနက် စာမျက်နှာများကြောင့် ဖုန်းကို ပြန်ကောင်းစေတာပါ။
Blue Nokia
GSM Hosting

Download Phoenix_2008_34V1 software
Find and Download BB5 Flashes File

Instruction By Jawad

1-install Phoenix_2008_34-V1.exe and wait for about 5 min to finish installation,the patch soft will appear,now click PATCH,restart PC.
2-Download and install needed flash file from here (note:install only needed flash file,not more than one)
3-Launch phoenix and go File--Manage connections..--select NO CONNECTION and Apply.
4-Go FILE--Open Product--select your model and OK.
4-Go Flashing--Firmware update,new window popup,Press [...] button and select desired product code (If you install more than one flash file,products will be mixed for you now)
5-check DEAD PHONE USB FLASHING and press Refurbish,soft will ask you to powerON the phone do it and enjoy FREE FAST EASY BB5 FLASHING.

Credited to jawad8305 @ forums.gsmhosting.com


Share


နိုကီယာ ၆၂၈၈ ကို ဆော့ကစားခြင်း (၁)

ကိုယ့်မှာ ရှိတဲ့ ဂတ်ဂျက်စ် (Gadget) တွေကို ကလိရတာလောက် အရသာရှိတာ ဘာမှ မရှိပါဘူး။ အထူးသဖြင့် ဂတ်ဂျက်စ်ရဲ့ ဖန်းဝဲလ် (ဒါမှမဟုတ် System Software) ကို အဆင့်မြင့်ရတာ ပိုပြီး အရသာရှိပါတယ်။ ဘာအသစ်အဆန်းများ မြင်ရမလဲ ဘာတွေ ပိုကောင်းအောင် လုပ်ပေးထားမလဲ ဆိုတာလေး က ပိုလို ့ ရင်ခုန်စရာ ကောင်းပါတယ်။ နောက်တမျိုးကလည်း အဲ့ဒီလို ဖန်းဝဲလ် ကို အဆင့်မြင့်နေတုန်း ဘာအဆင်မပြေမှုများ ကြုံပြီး ကိုယ့်ပစ္စည်း သုံးမရဖြစ်မလဲ ဆိုတဲ့ စိုးရိမ် ပူပန်မှု Risk လေးကလည်း အရသာ တမျိုးပါပဲ။


ဒါနဲ့ပဲ ဒုတိယမြောက် အဖြစ် နိုကီယာ လက်ကိုင်ဖုန်းကို ဖန်းဝဲလ် အဆင့်မြင့်ဖြစ်ပါတယ်။ စာရေးသူ ဆီမှာ ဖုံးအပိုရှိတော့ လုပ်ရဲတာပေါ့။ ဖြစ်ချင်တာဖြစ် စမ်းမယ်ဆိုပြီး လုပ်လိုက်ပါတယ်။ နိုကီယာ ၆၂၈၈ မော်ဒယ် ဆလိုက်ဖုန်းပါ။ နိုကီယာ မှာလည်း ဆော့ဝဲလ် အဆင့်မြင့်တဲ့ Nokia Software Updater (NSU) ခေါ်တဲ့ ဆော့ဝဲလ် အက်ပ်ဒိတ် လုပ်တဲ့ စနစ်ရှိတော့ လွယ်ကူမယ် ထင်ပြီး အဲ့ဒါလေး နိုကီယာကပဲ ဆွဲချပြီး အဆင့်မြင့်လိုက်တယ်။

နိုကီယာ က ပေးတဲ့ဆော့ဝဲလ် မို ့ အဆင်ပြေမှာပဲဆိုပြီး ရိုးရိုးပဲတွေးဖြစ်တယ်။ ပုံမှန်ပဲ နိုကီယာက ပေးတဲ့ဆော့ဝဲလ် အင်စတော လုပ်ပြီး ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ပြီး ဖွင့်လိုက်တယ်။ ဟော ဆော့ဝဲလ်က ဖုန်း ကို လည်း သိတယ် ဖန်းဝဲလ် အဟောင်းက ၅.၉၆ ဖြစ်ပြီး သူတို ့ နိုကီယာကနေ အခု ၆၂၈၈ ဖုန်းအတွက် ဖန်းဝဲလ်က ၆.၁ ဖြစ်နေပြီး အဆင့်မြှင့်မလား ဆိုတော့၊ အိုကေ လုပ်လိုက်တယ်။

ဆော့ဝဲလ်က တခု နှစ်ခုလောက် ထပ်သေချာအောင် အိုကေ တွေ မေးပြီး ဖန်းဝဲလ် အဆင့်မြင့်ခြင်းကို လုပ်ပါတော့တယ်။ ၄၀ ရာခိုင်နှုန်း လောက်လည်း ရောက်ရော ယူအက်စ်ဘီ ပြုတ်လိုက် တပ်လိုက် အသံ တဒင်ဒင်ကို ကွန်ပျူကနေ ကြားရပြီး ဖုန်း နဲ့ ကွန်ပျူတာ ကွန်နက်ရှင် ချိတ်ထားတာ လွတ်တယ် ဆိုတဲ့ အဲရာ အမှားကြီး ပေါ်ပြီး ဖုန်းက လုံး၀ သုံးမရအောင် ဖြစ်သွားပါတော့တယ်။ ဒုတ်ခေါ ဘယ်ကနေ ဘယ်လို ပြန်စစ ကွန်ပျူတာကနေ ဖုန်းကို မသိတော့ပါဘူး။ အင်တာနက်တွေ မှာ အသည်းအသန် လိုက်ရှာတော့မှ နိုကီယာ ဆော့ဝဲလ် အက်ပ်ဒိတ်တာ (NSU) တွေက တခါတလေ အဲ့သလို လိုအပ်ချက်တွေ နဲ့ အဲရာ ဖြစ်တတ်တယ် ဆိုတာဖတ်လိုက်ရတယ်။

နိုကီယာ ဖိုရမ်တွေ FAQ တွေမှာ လိုက်မေး လိုက်ရှာတော့ နောက်ဆုံး ဆားဗစ်စင်တာ သာ ပို ့ပါဆိုတဲ့ အကြောင်းသာ ပြန်ရတယ်။ သွားပြီပေါ့ ဖုန်းက အဲ့ဒါမျိုးဖြစ်တာကို Brick Phone(အုတ်ခဲလို သုံးမရ) ဖြစ်တယ် လို ့ သူရို ့ဖိုရမ်တွေမှာ သတ်မှတ်ပါတယ်။ ပါဝါ ကို လုံး၀ ဖွင့်လို ့မရတော့ ရင် Dead Phone ဖြစ်သွားတယ် လို ့့လည်း ခေါ်ပါတယ််။ သွားပါပြီ ဖုန်း တလုံး။ ဆားဗစ်စင်တာ သွားလည်း အနည်းလေးတော့ ၃၀ ၄၀ လောက်ကုန်မှာကိုး။

သူကတော့ ကနဦး တားပါသေးတယ် သုံးလို ့ရနေတဲ့ အကောင်းကြီး ဘာတွေလျှောက် လုပ်မလို ့လည်းတဲ့။ အမျိုးသားတို ့ ရဲ ့ ဗီဇကို တားမရတဲ့ အဆုံး သက်ထားက ဘေးကနေ ထိုင်ကြည့်နေတာပေါ့။ အခုလို ဖုန်း သုံးမရဖြစ်သွားတော့ သူလည်း မပျော် စာရေးသူလည်း စိတ်မကောင်း။ ဒါနဲ့ ဘယ်လို လုပ်ရင် ပြန်ရမလဲ ဆိုပြီး အင်တာနက် တွေပေါ် လိုက်ရှာရင်းနဲ့ အချိန်တပါတ်လောက် ကုန်သွားပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်
ညီမူရာ


Share

အမှတ်တရ ဒီဇင်ဘာ

ထိုနေ ့က မုန်တိုင်းသာ မရှိလျှင် အဲ့ဒီ ဒီဇင်ဘာကို မေ့နေမှာ အမှန်ပင်။ အခုတော့ သုံးနှစ်တာ ကြာမြင့်ခဲ့သော်လည်း အမှတ်ရနေဆဲဖြစ်သည်။ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံတို ့၏ ထုံးစံ အတိုင်း ဆစ်ဒနီ ဒီဇင်ဘာက ပူပြင်းလွန်းနေသည်။ တရံတခါ အပူလွန်ပြီး မုန်တိုင်းတွေ ဝင်လာတတ်သည်။ ထိုနှစ်က မှတ်မှတ်ရရ သားပိုက်ကောင်တို ့ ဌာနေကို မုန်တိုင်း အဝင်ကြမ်းသည်။

၂၀၀၅ ခုနှစ် အခုလို ဒီဇင်ဘာမှာ ရုံးတာဝန်နဲ့ ဆစ်ဒနီမှာ ခေတ္တ ရောက်နေချိန်ပေါ့၊၊ အလုပ်တွေပြီးလို ့ ပြန်ရတော့မှာ ဖြစ်လို ့ရုံးက စာရေးမကြီးက တိုင်စီကို တရက် ကြိုတင်ဘွတ်ကင် လုပ်ပေးထားတယ်။ သူတိုင်စီဘွတ်ကင် လုပ်ပေးတိုင်း တိကျတာမို ့စိတ်ချ လက်ချပင်။ ထို ့နေ့က နေ့လည်ခင်းတွင် နေအလွန်သာပြီး ရာသီဥတု ကောင်းနေသဖြင့် မိုးလေ၀သကို မကြည့်လိုက်မိ။ ဒီလိုနဲ့ပဲ တိုင်စီမှာထားသည့် အချိန်ကို ၅ မိနစ် လောက်ကျော်တော့ တိုင်စီကမလာ။ ၁၅ မိနစ်ခန် ့လွန်သော် သေချာသွားပြီ ဘာကြောင့် ကားမလာသလဲ အဲ့ဒီအချိန်အထိ တိတိကျကျ မသိသေး။ တိုင်စီကုမ္ပဏီ တွေဆီ ဖုံးလှမ်းဆက်တော့ ဖုံးတွေက မအားကြတော့။

ခေတ္တနေသည့် နေရာမှ ကင်းဖိုဒ့်စမစ် လေဆိပ်သည် ကီလို ၃၀ စွန်းစွန်းဝေးသည်။ တောင် နှင့် မြောက် လားလားမှ မနီး။ တိုင်စီ ဆိုတာက လက်တားပြီး စီးလို ့လွယ်သည် ့ နိုင်ငံမဟုတ်၊ တိုင်စီဂိတ်ကို သွားရတော့မည်။ ဒီလို အထုတ် အပိုးတွေ နှင့် တိုင်စီဂိတ် ကိုသွားဖို ့က လွယ်သည့် ကိစ္စတော့မဟုတ်။ အနီးဆုံး တိုင်စီစတန်းက ပုံမှန် လမ်းလျှောက်တောင် ၁၅ မိနစ်ကြာသည်။

အထုတ်တွေ ဆွဲပြီး ခက်ခက်ခဲခဲ သွားနေစဉ်ပင် မိုးက စရွာလာသည်။ တိုင်စီစတန်းကို ရောက်ဖို ့ ၂၅ မိနစ်ခန့်ကြာသည်။ ထိုနေရာရောက်တော့ မိုးက နည်းနည်း နည်းနည်းရွာနေပြီ။ တိုင်စီစတန်းမှာ လူတွေက အများကြီး ကားကမရှိ။ ထိုနေရာရောက်မှ သိရသည်က မုန်တိုင်းအထူးသတင်း ကြေညာသွားသည်။ မိုးသီးတွေပင် ရွာနိုင်သည်တဲ့။ ဒါကြောင့် ကားတွေ ပျောက်ကုန်တာကိုး။ ဒါပါနှင့်ဆို ဒုတိယအကြိမ်မြောက် မိုးသီးမုန်တိုင်း သတိပေးခြင်း နှင့်ကြုံရခြင်းပင်။ တခါမှ တော့ မိုးသီးမရွာလိုက်။

မိုးသီးတွေရွာလျှင် ကားအာမခံ တော်တော်များများက အကာအကွယ်မပေးတတ်ကြ။ ဒီလိုနဲ့ လမ်းပေါ်မှာ ကားတွေ တိုင်စီတွေ ပျောက်ကုန်တာမဆန်း။ တိုင်စီစတန်းမှာ ကိုယ့်အလှည့်ရောက်ဖို ့တော်တော် စောင့်ရသည်။ လေယာဉ်ထွက်ဖို ့အချိန်ကလည်း ၁နာရီခွဲသာသာပဲကျန်တော့သည်။ ပုံမှန် ရာသီဥတု သာသာယာယာမှာ တိုင်စီနဲ့သွားတောင်် ၄၅ မိနစ်ခန့်ကြာသည့်ခရီး။ ဒီမိုး ဒီလေ နှင့် ၁ နာရီကျော်လောက်တော့ သွားမှာပဲ။ မိုးကလည်း မုန်တိုင်းအရှိန်နှင့် သည်းသည်း မည်းမည်းကို ရွာချလာပြီ။ နေ့လည်က ချစ်ချစ်တောက် ပူသည့်နေ ယုံချင်စရာမရှိ။

ဒီလိုနှင့် မိနစ်၂၀လောက် သည်းခံစောင့်ရပြီးမှ ကိုယ့်အလှည့်ရောက်သည်။ တိုင်စီတစီးလာ တိုင်စီကို လေဆိပ်ပြောလိုက်သည်နှင့် မလိုက်ပါတဲ့။ ဒါနဲ့ နောက်ကလူတွေကို ပေးတက်လိုက်ရသည်။ နောက် တစီး ဒီလိုပဲ မလိုက်ပါတဲ့။ မိုးတွေ သည်းသည်းမည်းမည်း ရွာနေချိန် ကားဆီသွားလိုက် မလိုက်ဘူးပြောလို ့ အမိုးအောက် ပြန်လာလိုက်နဲ့ ရွဲစိုကုန်တော့တယ်။ အထုတ်အပိုးတွေ လည်း ရွဲ လူလည်းရွဲပေါ့။ သုံးစီးလောက် အဆင်မပြေတော့ တော်တော် စိတ်ပျက်စပြုနေပြီ။

အဲ့ဒီမှာ တန်းစီနေတဲ့ အနောက်က ကပ်လျှက် ဌာနေ အဖြူတယောက် က မေးလာတယ်။ တိုင်စီကလည်း မလာသေးတော့ ခဏ စကားပြောဖြစ်သွားတာပေါ့။ တိုင်စီဘွတ်ကင်မှာထားတာ မလာလို ့ ဒီအထိတောင် လာငှားရတာ နဲ့ လေဆိပ်ဆင်းမှာ ဖြစ်ကြောင်း ပြောတော့။ သူက ပြန်မေးသည် လေယာဉ်အချိန် ဘယ်တော့လည်းတဲ့။ စာရေးသူ အချိန် ပြောပြလိုက်တော့ သူ ့နာရီကို တချက်လှမ်းကြည့်ပြီး၊ ဟား ၁ နာရီ ၁၅ မိနစ်ပဲလိုတော့တယ်၊ အရှေ ့က တိုင်စီတွေ ဘာဖြစ်လို ့မလိုက်တာလည်း လို့ ့သူက ဆက်မေးပါသေးတယ်။ မသိဘူး လေဆိပ်လို ့ ပြောလိုက်တာနဲ့ မလိုက်ကြဘူး ဆိုတော့။ သူတချက်စဉ်းစားရင်း နောက်တစီးလာရင် မင်းရမှဖြစ်မယ် မဟုတ်ရင် လေယာဉ်လွတ်သွားလိမ့်မယ်။ သူလည်း ဝိုင်းကူပြောပေးမယ် ဆိုပြီး ပြောရှာတယ်။

ဒါနဲ့ နောက်တိုင်စီ တစီးလာတော့ သူကပဲ စာရေးသူကိုယ်စား ကားသမားကို ရှင်းပြတယ်။ ရှေ ့က တိုင်စီတွေ ဒီလိုမိုးသည်းသည်း နဲ့ လေဆိပ်မလိုက်ချင်လို ့ လေယာဉ်လွတ်တော့မယ့် အကြောင်း နဲ့ အချိန်ကလည်း နီးနေလို ့ အဆင်ပြေပါက ကူညီပေးပါ ဆိုတဲ့ အကြောင်းကို စာရေးသူ ကိုယ်စား ပြောပေးပါတယ်။ အဲ့ဒီ တိုင်စီသမား ကလည်း အသက်နည်းနည်းကြီး တဲ့ အဖြူပါ၊ ဒီတခါတော့ အဆင်ပြေသွားပါတယ်။ အဲ့ဒီ ကူညီပေးတဲ့ သူကပဲ ကားပေါ်ကို အထုတ်တွေ ဝိုင်းတင်ပေးရှာတယ်။ ကျေးဇူးတင်လွန်းလို ့ နှုတ်ဆက် ကျေးဇူးစကားဆိုရင်း လက်ဆွဲ နှုတ်ဆက်ကြတော့ သူက လမ်းခရီးမှာ အဆင်ပြေပါစေတဲ့။

တိုင်စီ သမားကြီးကတောင် မေးပါသေးတယ်။ သူငယ်ချင်းလားတဲ့၊ မဟုတ်ဘူး တိုင်စီငှားတာ အခက်အခဲဖြစ်လို ့ နောက်ကနေ တန်းစီနေတဲ့ သူတယောက်ပါ၊ သူတတ်နိုင်သလောက် ကူညီပေးတာပါ ဆိုတော့ ဘိုးတော်က ဘာမှ ပြန်မပြောတော့ပါဘူး။ လေယာဉ်အချိန် နီးနေလို ့ ဘိုးတော်ကြီး ခမျာ ညနေစောင်း ခပ်မှောင်မှောင် မိုးထဲရေထဲမှာ တတ်နိုင်သလောက် အမြန်ဆုံး မောင်းပေးရှာပါတယ်။ ဒါတောင် ကင်းဖိုဒ့်စမစ် ရောက်အောင် ၅၅ မိနစ်လောက် မောင်းရပါတယ်။ လေဆိပ်မှာ ချက်အင် ဝင်တော့ လေယာဉ်ထွက်ဖို ့ ၃၅ မိနစ်ပဲ လိုပါတော့တယ်။ ကံကောင်းတယ် ပြောရမလား အဲ့ဒီနေ ့က မုန်တိုင်း အခြေအနေကြောင့် လေယာဉ်တွေ ၁ နာရီ ခွဲလောက် နောက်ကျ ထွက်လို ့သာပေါ့။

တကယ်တော့ တိုင်စီကူငှားပေးတဲ့ အဲ့ဒီသူ ဘယ်သူလည်း စာရေးသူ မသိပါဘူး။ သူလည်းပဲ စာရေးသူ ဘယ်သူမှန်း မသိပါဘူး။ ဒါပေမယ့် အခက်အခဲ ဖြစ်နေတုန်း တတ်နိုင်သလောက် ကူညီပေးရှာတဲ့ ဟွန်စဘီ ရှိုင်းယား နယ်သား တယောက်ရဲ့ စေတနာ ကို သုံးနှစ်လောက် ကြာသည့်တိုင် အမှတ်ရနေပါသေးတယ်။

ဒီဇင်ဘာမုန်တိုင်း မိုးတွေ လေတွေကြားက ကူညီတတ်သူ တဦးရဲ ့ စေတနာကို လေးစား အမှတ်ရ ရင်း နဲ့။

ညီမူရာ

Share

အေစီစီအေ တက်ကြမယ်ဆိုရင် အပိုင်း(၂)

အေစီစီအေ ကျောင်းစလျှောက်ဖို ့ အရေးအကြီးဆုံးတခုက ကျောင်းတက်မယ့် သူကို အစစအရာရာ တာဝန်ယူမယ့် (စပွန်ဆာ) အမြဲတမ်းနေထိုင်ခွင့် ရှိသူ ဒါမှမဟုတ် နိုင်ငံသားပါပဲ။ ဒါလည်းပဲ အိုင်စီအေ က တောင်းတာပါ။ မြန်မာတွေကတော့ ထုံးစံအတိုင်း နိုင်ငံသား မိတ်ဆွေ ထက် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ပီအာ တွေကို အကူအညီတောင်းကြတာပါပဲ။

ပီအာ နိုင်ငံသား မိတ်ဆွေတွေ မရှိလို ့ ထူးပြီး အားငယ်မသွားပါနဲ့၊ ကျောင်းတွေက အထူးအစီအစဉ် အနေနဲ့ စပွန်ဆာ အော်ဖာ ပေးပါတယ်။ အဲ့ဒီ စပွန်ဆာ အတွက် ကျောင်းတွေက စလုံးငွေ ၅၀၀ တောင်းပါတယ်။ စလုံးငွေ ၅၀၀ (ကျပ်ငွေ ၄သိန်းခွဲ ငါးသိန်း) ဟာ ကိုယ့်အတွက် အရမ်းကြီး အခက်အခဲ မဖြစ်နိုင်ဘူးဆိုရင်၊ မိတ်ဆွေတွေကို အကူအညီ တောင်းမနေပါနဲ့ ကျောင်းကပဲ အဲ့ဒီ စပွန်ဆာကို ယူလိုက်ပါ။

ငွေ လေး၊ငါးသိန်း သက်သာလည်း မနည်းပါဘူးဆိုပြီး အလွန်မရင်းနှီးတဲ့ သူတွေကို ပီအာ စပွန်ဆာ တောင်းပြီးမှ မိတ်ပျက်ရတဲ့ သူတွေ မနည်းပါဘူး။ ကျောင်းအပ်ဖို ့ စပွန်ဆာ ဟာ သိပ်ဇယားရှုပ်ပါတယ်။ အဲ့ဒီ စပွန်ဆာ ပေးတဲ့ လူကို ၄ခါ ၊၅ခါလောက် ဒုတ်ခပေးရလို ့ပါပဲ။ တကယ် အပြုံး မပျက် အလုပ်ရှုပ်ခံပြီး ပီအာ စပွန်ဆာ ပေးတယ်ဆိုရင် အဲ့ဒီလူရဲ့ ကူညီမှုကို အထူးအသိအမှတ်ပြုပြီး ကျေးဇူးတင်ပါလို ့ ရေးချင်ပါတယ်။ တကယ့်ကို အားနာစရာ ကောင်းပါတယ်။

ဘာဖြစ်လို ့လည်းဆိုတော့ အိုင်စီအေက ထောက်ခံပေးတဲ့ သူရဲ ့ စီပီအက်ဖ်တွေ၊ ပီအာ ရာဇဝင် ကောင်းရဲ့လားတွေ၊ နောက် အခြားလိုအပ်ချက်တွေကို အွန်လိုင်းကနေ အီးမေးလ်ပို ့တောင်းတာပါ။ ဒါကို သူက မအားလို ့ ဝင်မကြည့်နိုင်ရင် စတူးဒန့်ပါစ် နောက်ကျပါတယ်။ အချက်အလက် မမှန်ကန်ရင် ပယ်ချနိုင်ပါတယ်။ အဲ့ဒါမျိုး ၂ ကြိမ်ထက်မနည်း လုပ်ရပါတယ်။ နောက်ဆုံး စတူးဒန့်ပါစ့် ကျပါပြီဆိုတဲ့ စာတောင် အဲ့ဒီ ထောက်ခံပေးသူရဲ ့ လိပ်စာ ဆီကို စာတိုက်ကနေ ပို ့လိုက်တာပါ။ ကျောင်းသား စလုံးရောက်လို့ အိုင်စီအေ မှာ စတူးဒန့်ပါစ့် သွားထုတ်အခါကျရင် ပီအာ၊နိုင်ငံသားရဲ့ အိုင်စီ မူရင်း ပြရတဲ့အထိပါပဲဲ။ ကျောင်းကနေ တာဝန်ယူပြီး လျှောက်ပေးရင် အဲ့ဒါတွေ လုံး၀ ဇယားငြိမ်းပါတယ်။ စလုံး ၅၀၀ နဲ့ စိတ်ချမ်းသာရတယ်၊ ကိုယ် အိုင်စီအေ ကို တင်ထားတဲ့ အခြေအနေ မြန်မြန်ဆန်ဆန် သိရတယ်၊ ကျောင်းကပဲ အလုံးစုံ တာဝန်ယူ ဆောင်ရွက်ပေးတော့တာပါပဲ။

အပြည်ပြည်ဆိုင်ရာ ကျောင်းသားတွေ ဆိုရင် မမေ့ရမှာက ကိုယ်တက်မယ့် ဘာသာရပ် သုံးခုလုံး အတွက် သင်တန်းကြေး ရယ်၊ အနီးကပ် အထူး (ပြန်လှန်လေ့ကျင့်မယ့်) သင်တန်းကြေးရယ် တပေါင်းတည်း သွင်းရမယ် ဆိုတာပါပဲ။

နောက်တခု သိဖို့ရာက အေစီစီအေ စာမေးပွဲတွေ စင်ကာပူမှာ ကျင်းပနိုင်ဖို ့ရာအတွက်၊ အေစီစီအေ နဲ့ စင်ကာပူက စာရင်းကိုင် အဖွဲ့အစည်း (အိုင်စီပီအေအက်စ်) နဲ့ သဘောတူညီမှုကြောင့် ဆိုတာပါပဲ။ ဒါကြောင့် အေစီစီအေ မှာ အသင်းဝင် ရသလို စင်ကာပူက အဲ့ဒီ စာရင်းကိုင် အဖွဲ့ မှာပါ အသင်းဝင်ရပါတယ်။ အဲ ဒါနဲ့ပဲ နှစ်စဉ်ကြေးကို လည်း အေစီစီအေ ကို သွင်းရလို အိုင်စီပီအေအက်စ် ကိုလည်း နှစ်စဉ်ကြေးသွင်းရပါတယ်။ နှစ်တိုင်းသွင်းရမှာ ဖြစ်သလို ဘယ်တခုကိုမှ ပျက်ကွက်လို ့မရတာကို သဘောပေါက်ထား ရပါမယ်။

ကက်ပလန်က ရန်ကုန်မှာရှိတဲ့ သင်တန်းအချို ့နဲ့ ချိတ်ဆက်ပြီး ကျောင်းအပ် လက်ခံပါတယ်။ ကက်ပလန် အသိအမှတ်ပြု ကျောင်းအချို ့ပေါ့။ အေးဂျင့်တွေလို လုပ်ပေးတာပါ။ ဒါပေမယ့် ကောင်းတာတခုက အဲ့သလို ကျောင်းတွေက စုပြီး ကျောင်းအပ်ကြတဲ့ အခါ စစချင်း ကနဦးကျောင်းဝင်ကြေးငွေွ စလုံး ၄၀၀ ကျော်လောက်ပဲ ပေးထားရတာပါ။ စတူးဒန့်ပါစ့် ကျလို ့ ကျောင်းသား စင်ကာပူကို ရောက်လာပြီ ဆိုတော့မှာ ကျန်တဲ့ ငွေပမာဏ အလုံးအရင်းကို ပေးရုံပါပဲ။ ကျောင်းဝင်ကြေးငွေ စလုံး ၄၀၀ ကျော်လောက်ကတော့ ဘာကြောင့်ဖြစ်ဖြစ် ပြန်မအမ်းတဲ့ငွေပါ။

အဲ့သလိုမှ မဟုတ်ဘဲ ကိုယ်တိုင်ကိုယ်ကျ စင်ကာပူနေ တဦးဦးက အပ်ပေးလို ့ရပါတယ်။ အဲ့ဒါဆိုရင် ကျောင်းအပ်လိုက်တာနဲ့ ငွေတလုံးတခဲတည်း (စလုံးငွေ ၃၅၀၀ စွန်းစွန်းလောက်) ပေးရမှာ ဖြစ်ပါတယ်။ ကံအကြောင်းမလှ လို ့ စတူးဒန့်ပါ့စ် ရီဂျက်ဖြစ်တယ် ဆိုရင် ကျောင်းကနေ ကျောင်းဝင်ကြေးငွေ ကို နှုတ်ပြီး ပြန်ပေးရမယ့်ငွေ ကို ပြန်ပေးမှာပေါ့။

ဒါကြောင့် ကိုယ်က သေချာမှ ငွေပေးချင်တယ်ဆိုရင် ရန်ကုန်က စင်ကာပူအသိအမှတ်ပြု သင်တန်းတွေနဲ့ ဆက်သွယ်ပြီး လုပ်ပါလို ့ တိုက်တွန်းပါတယ်။ နောက်တခုက အဲ့လို သင်တန်းတွေက လုပ်ပေးတဲ့အခါ လူများစုနဲ့ လုပ်ရပြီး သတင်းအချက်အလက် ပိုစုံတာပေါ့။ စင်ကာပူလာတဲ့ အခါ အဲ့လို သင်တန်းတွေက သူငယ်ချင်းတွေ တစုတစည်းထဲ လာကြတဲ့အတွက် မိန်းကလေးတွေ အဖို ့ လုံခြုံစိတ်အေးစေတာပါပဲ။

အေစီစီအေ ပထမပိုင်း တက်ဖို ့ ကျောင်းအပ်ဖို ့ရာ စုစုပေါင်း စင်ကာပူ ၄၀၀၀ ဝန်းကျင် လောက် ကုန်ကျနိုင်ပါတယ်။ အိုင်စီအေ က စတူးဒန့်ပါစ့် ကျပြီဆိုတဲ့ စာကို ရန်ကုန်ကို စာ နဲ့ ဖြစ်ဖြစ် အီးမေလ်း နဲ့ ဖြစ်ဖြစ် စကန်ဆွဲပြီး ပို ့ပေး လိုက်တာနဲ့ သံရုံးကို ဗီဇာ ဝင်စရာမလိုပါဘူး။ လေယာဉ်လက်မှတ်ကို လည်း တခြမ်းထဲ ဝယ်လာရုံပါပဲ။ စင်ကာပူ လေဆိပ် ရောက်တာနဲ့ လူဝင်မှုကြီးကြပ်ရေးကို အဲ့ဒီ အိုင်စီအေက စတူးဒန့်ပါစ့် ကျပြီဆိုတဲ့ စာ ထုတ်ပြလိုက်တာနဲ့ အဆင်ပြေပါတယ်။ စတူးဒန့်ပါစ့် ကို သွားထုတ်တဲ့ နေ့ကျမှ ငွေ၂၀ ပိုပေးရုံပါပဲ။ ရန်ကုန်မှာ ဗီဇာဝင်ကြေး ပေးတာနဲ့ တူတူပါပဲ။

ဒါဆိုရင် အေစီစီအေ တက်ကြမယ် ဆိုတဲ့ အကြောင်း ပြည့်စုံလောက်ပြီလို ့ထင်ပါတယ်။ စလုံးရောက်ရင် သုံးစွဲဖို ့ ငွေတွေ သယ်လာဖို့တော့ မမေ့နဲ့ဦးပေါ့။ :)

ညီမူရာ

ဒီနေရာတွေမှာ အချက်အလက် တွေ သွားကြည့်နိုင်ပါတယ်။

Kaplan Financial
ICPAS
SAA
FTMS
ICA

MAS (Yangon) U Thura Shein

သတင်းအချက်အလက်များ ရှာဖွေပေးသော စာရေးသူ၏ သက်ထား
သိချင်သည်များကို ဖြေကြားပေးသာ ကက်ပလန်မှ ဝန်ထမ်းများ
အတွေ ့အကြုံအချို ့ကို ပြောပြပေးသော မိတ်ဆွေများ
အားလုံးကို ကျေးဇူးတင်ပါကြောင်း။

Share

အေစီစီအေ တက်ကြမယ်ဆိုရင် အပိုင်း(၁)

စင်ကာပူမှာ အေစီစီအေ ကျောင်းတက်ချင်လို ့ အဲ့ဒါ ဘာတွေလိုမလဲ ပြောပြပါလား ဆိုတဲ့ မေးခွန်းကို အမိမြေ ပြန်တိုင်း တယောက်မဟုတ် တယောက်က မေးလေ့ရှိပါတယ်။ အချို ့ကလည်း တက်မယ့်သူ ကိုယ်တိုင် အချို ့ကလည်း မိဘတွေ ဆွေမျိုးတွေ ဖြစ်ကြပါတယ်။

စင်ကာပူမှာ အေစီစီအေ တက်မယ့် အကြောင်းကို အချို ့လည်း သိပြီးသား ဖြစ်ပေမယ့် အဓိက ကတော့ မသိသေးတဲ့ သူတွေကို ရည်ရွယ်ပြီး သိသလောက်၊ နားလည်မိသလောက်၊ လက်လှမ်းမှီသလောက် ရေးတဲ့ သဘောပါ။ အခုရေးမယ့် အကြောင်းအရာတွေ က အပြည့်အစုံမဟုတ်တောင် အတိုင်းအတာတခု အထိ အချက်အလက် ပေးနိုင်မယ်လို ့တော့ ယုံကြည်ပါတယ်။

စင်ကာပူမှာ အေစီစီအေ ပို ့ချနေတဲ့ ကျောင်းတွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲကမှ စာရေးသူ အများဆုံး သိတဲ့ ကျောင်းက ကက်ပလန် (Kaplan Financial) လို ့ လူသိများတဲ့ ဆမ်မားဆက် ဘူတာ အနီးက ကျောင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီကျောင်းကို မူတည်ပြီးပဲ ရေးမှာမို ့လို ့ အခြားမပြည်စုံတာတွေ လည်း ဖြစ်နိုင်ပါတယ်။

အေစီစီအေ အကြောင်း အသေးစိတ် တွေကို သူ ့ရဲ ့ အင်တာနက် စာမျက်နှာ တွေမှာဖတ်လို ့လည်း ရနေတော့ အဓိက စင်ကာပူကို ဘယ်လို ကျောင်းလျှောက်မလဲ ဆိုတာကို ပဲ ဇောင်းပေးရေးသွားပါ့မယ်။

ထုံးစံအတိုင်း အေစီစီအေ မှာ ၁၄ ဘာသာရပ်ရှိတာရယ်။ အဲ့ဒီ ၁၄ ဘာသာကို စပြီး ယူကေ က အေစီစီအေ မှာ စတင်မှတ်ပုံတင် တဲ့ ရက်ကနေ ပြီး ၁ဝနှစ်အတွင်း အပြီးဖြေသွားရမယ် ဆိုတာတွေကတော့ မသိမဖြစ် သိထားရမှာတွေ ဖြစ်ပါတယ်။ နှစ်စဉ်ကြေး ကလည်း နှစ်တိုင်း သွင်းရမှာ ဖြစ်ပါတယ်။

စင်ကာပူ က အေစီစီအေ ပို ့ချတဲ့ သင်တန်းတွေမှာ အပြည်ပြည်ဆိုင်ရာ ကျောင်းသား နဲ့ စင်ကာပူ ပြည်တွင်း ကျောင်းသားဆိုပြီး ခွဲထားပါသေးတယ်။ အပြည်ပြည်ဆိုင်ရာ ကျောငး်သားဆိုတာ မြန်မာနိုင်ငံ လိုမျိုး ပြည်ပကနေ စင်ကာပူ ကို လာတက်မယ် ့ ကျောင်းသားတွေ ဖြစ်ပြီး ၊ စင်ကာပူ ပြည်တွင်း ကျောင်းသားတွေ ဆိုတာမှာ စလုံး နိုင်ငံသားတွေ၊ အမြဲတမ်း နေထိုင်ခွင့် ပီအာ တွေ၊ ဒါမှမဟုတ် စလုံး မှာ အကြောင်း အမျိုးမျိုးကြောင့် နေထိုင်ခွင့် ရှိပြီးသား သူတွေ (မှီခို နေထိုင်သူတွေ ၊ ရေရှည် နေထိုင်သူ တွေ ) ပဲ ဖြစ်ပါတယ်။

အင်တာနေရှင်နယ် ကျောင်းသား တဦး ကျောင်းစအပ်မယ် ဆို မဖြစ်မနေ သုံးဘာသာ အပ်မှ ကျောင်းက စတူးဒန့် ပါ့စ် အတွက် လုပ်ကိုင်ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကျောင်းသား တွေ ဆို့ရင်တော့ စိတ်ကြိုက် ၁ ဘာသာကနေ နိုင်သလောက် အပ်နိုင်ပါတယ်။

အေစီစီအေ တက်ချင်သူ တဦးအဖို့ စာရင်းကိုင် နဲ့ အခြား စာရင်းကိုင် သင်တန်း (အယ်လ်စီစီအိုင်) အတွေ ့အကြုံ ရှိစရာမလိုအပ်ပေမယ့် တကယ်တန်း သူတို့ သင်တာကို လိုက်နိုင်ဖို ့ လိုအပ်တဲ့ အခြေခံ စာရင်းဗဟုသုတတွေ ရှိဖို ့ လိုအပ်ပါတယ်။ များသောအားဖြင့် ရန်ကုန်မှာ အယ်လ်စီစီအိုင် လယ်ဗယ် တူး ၊ သရီးလောက် အခြေခံ ရှိမှ စာလိုက်နိုင်မှာပါ။

ကျောင်းအပ်လက်ခံမယ် ့ အခြေခံလိုအပ်ချက်တွေကို ကြီးကြီးကျယ်ကျယ်တွေ ရေးထားပေမယ့်၊ ပုံမှန် အားဖြင့်တော့ ဘွဲ့ လက်မှတ် တခုရှိရင် ကျောင်းအပ်လက်ခံပါတယ်။ စာရင်းကိုင်နဲ့ ပတ်သက်တဲ့ ဘွဲ ့တွေ ဒီပလိုမာတွေ ရှိရင် ခိုင်လုံတဲ့ အထောက်အထားပြပြီး ဘာသာရပ်တွေကို ကျော်တက်လို ့ရပါတယ်။ အသက်က ၂၁ နှစ်အောက် ဖြစ်နေရင်တော့ စီအေတီ ကို အရင်တက်ခိုင်းမှာ ဖြစ်ပါတယ်။ အသက် ၂၁ နှစ်ကျော်မှ အေစီစီအေ ကို တက်ခွင့်လက်ခံမှာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် စစခြင်း အေစီစီအေ ပထမပိုင်း ကို သာ အပ်ရလေ့ရှိပြီး။ နှစ်စဉ် ဇန်နဝါရီ နဲ့ ဂျူလိုင်တွေ မှာ တန်းခွဲတွေ ဖွင့်လေ့ရှိပါတယ်။ တရံတခါ လည်း ကြားဖြတ်အနေနဲ့ မတ်လ နဲ့ စက်တင်ဘာလ တွေမှာပါ ကျောင်းသားတွေ လာတက်လေ့ရှိပါတယ်။ အဲ့ဒီ မတ် နဲ့ စက်တင်ဘာ တန်းခွဲတွေ က ဒီဇင်ဘာ နဲ့ ဇွန် လ စာမေးပွဲ မအောင်တဲ့ သူတွေ အတွက် အထူးဖွင့် ပေးတာဖြစ်ပြီး ခုနောက်ပိုင်း ကျောင်းသားသစ်တွေပါ ရောတက်လေ့ရှိပါတယ်။

ဇန်နဝါရီမှာ စတဲ့ အတန်းတွေက ဇွန်လ မှာ စာမေးပွဲ ဖြေရလေ့ရှိပြီး ၊ ဇူလိုင် တန်းခွဲတွေက ဒီဇင်ဘာမှာ စာမေးပွဲ ဖြေကြရပါတယ်။ အောင်စာရင်းကို တော့ ၂ လကနေ ၂လခွဲ ကြာရင် ထုတ်ပြန်လေ့ရှိပါတယ်။

နှစ်စဉ် ဇန်နဝါရီ မှာ ဖွင့်မယ့် အတန်းကို တက်မယ့် ကျောင်းသားတွေ အနေနဲ့ အောက်တိုဘာ မှာ စ ပြင်ဆင်ရပြီး ကျောင်းလက်ခံတာက နိုဝင်ဘာ ကနေ ဒီဇင်ဘာ အထိ လက်ခံပါတယ်။ ကျောင်းနောက်ကျရင် လက်ခံလေ့မရှိပေမယ့် အလျှောက်ကောင်းတော့ အထောင်းသက်သာ ဆိုသလို ဇန်နဝါရီ လလယ်လောက်မှ နောက်ဆုံး ရောက်လာတဲ့ ကျောင်းသားအချို ့ တွေ ့ဖူးပါတယ်။

အယ်ဂျူးနစ် က အက်စ်အေအေ (SAA) က သင်တန်းကြေး အနည်းငယ် သက်သာသလို ရှိပေမယ့် ။ ဆမ်းမားဆက် ကက်ပလန် က အချိန်တခု သတ်မှတ်ပေးပြီး သတ်မှတ်ချိန် အတွင်း ကျောင်းအပ်တဲ့ ကျောင်းသားကို ၁၀ ရာခိုင်နှုန်း ကနေ ၂၀ ရာခိုင်နှုန်း အထိ လျှော့ပေးလိုက်တော့ စာရေးသူအမြင် မှာ အက်စ်အေအေ ထက်တောင် သက်သာသွားသလိုပါပဲ။

စပြီး ပြင်ဆင်ထားရမှာက အရေးအကြီးဆုံး နိုင်ငံကူးလက်မှတ်ပါပဲ။ ဖြစ်နိုင်ရင် အများဆုံး သက်တမ်း ဖြစ်တဲ့ ၃ နှစ်နီးနီး ရှိရင် အကောင်းဆုံးပါပဲ။ သက်တမ်း ၆ လအောက်ဆို မရပါဘူး။ စတူးဒန့်ပါ့စ် က နိုင်ငံကူးလက်မှတ် သက်တမ်းအတိုင်း အများဆုံး ၂ နှစ် ကနေ ၃ နှစ် အထိ ပေးမှာ ဖြစ်လို ့ပါပဲ။

နောက်တခု က ရှိရှိသမျှ ပညာရေး ဆိုင်ရာ လက်မှတ်တွေ အောင်လက်မှတ်တွေ အမှတ်စာရင်းတွေကို နိုတြီ ပြန်ထားရမှာ ဖြစ်ပြီး ၁၀ တန်းအောင်လက်မှတ် က အစ ဖြစ်နိုင်ရင် နိုတြီ ပြန်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ မွေးစာရင်း ကတော့ အသက်ပြည့်ကြောင်း ပြတဲ့ အခိုင်လုံဆုံး အထောက်အထားမို ့ မဖြစ်မနေ တောင်းပါတယ်။

နိုင်ငံတကာ ကျောင်းသားတွေကို ဘဏ်ငွေစာရင်း တောင်းပါတယ်။ အဲ့ဒီ ဘဏ်စာရင်း ကတော့ စင်ကာပူ လူဝင်မှု ကြီးကြပ်ရေး (အိုင်စီအေ) က တောင်းတာပါ။ ကျောင်းသား တယောက် စလုံးမှာ ကျောင်းတက်ဖို ့ လုံလောက်တဲ့ ငွေကြေးပမာဏ ဖြစ်တဲ့ စလုံး ငွေ ၂သောင်းနီးနီး ပါပဲ။ ဒါကြောင့်မို ့ ထုံးစံအတိုင်း လိုင်းဝင်ပြီး လုပ်ကြပါတယ်။ ပိုလို့တောင် အဆင်ပြေကြပါတယ်။ ဘဏ်ငွေစာရင်း သိန်းနှစ်ရာ လောက်ဆို အိုင်စီအေ က မီးစိမ်းပြပါတယ်။ သိန်းသုံးရာ လောက်ဆို ပိုလို ့တောင် ကောင်းပေမယ့် အချို ့ ငွေတစ်သိန်းလောက် ခွေျတာချင်သူတို ့ အဖို ့ သိန်းနှစ်ရာလည်း ဖြစ်ပါတယ် ပေါ့။

ကျောင်းသားရဲ ့ ဆွေမျိုးအရင်း တယောက်ယောက်လောက်များ စင်ကာပူမှာ အလုပ်လုပ်နေတာများ ရှိရင် အဲ့ဒီ လူရဲ့ အလုပ်က အလုပ်လုပ်နေကြောင်း ထောက်ခံစာ နဲ့ လခပါ ဖော်ပြပေးမယ်ဆိုရင် စတူးဒန့် ပါ့စ် မကျစရာ အကြောင်းကို မရှိတဲ့ အပြင် နှောင့်နှေးမှုလည်း မရှိနိုင်တော့ပါဘူး။

ဆက်လက်ဖော်ပြပါဦးမည်။

ညီမူရာ

Share

တပတ်ရစ် အသစ်် Refurbished

တကယ်တော့ အခေါ်အဝေါ်သာ စာရေးသူတို ့ နဲ့ စိမ်းနေပေမယ့် တကယ်တမ်းတော့ ရင်းနှီးပြီးသား ကိစ္စတွေသာ ဖြစ်ပါတယ်။ ရီဖားဘစ်ရှ် ကို မြန်မာမှုပြုမယ် ဆိုရင် တဖန်ပြန်လည် မွမ်းမံထားသော (သို ့မဟုတ်) တပတ်ရစ် အသစ် လို ့ ဆိုနိုင်မယ် ထင်ပါတယ်။

တကယ်ဆို တဖန်ပြန်လည် မွမ်းမံထားသော ဆိုတာလေးက ပိုပြီး ဆီလျှော်မယ် လို ့ ထင်ပါတယ်။ ဒါပေမယ့် တပတ်ရစ် အသစ် ဆိုတာလေးက ပိုလို ့ရွတ်လို ့ ကောင်းနေပြန်ပါတယ်။ စာရေးသူကလည်း တပတ်ရစ် အသစ် ဆိုတာလေးက ဆန်းနေမလားလို ့ ခေါ်ရ ခံတွင်းတွေ ့လို ့နေပါတယ်။

အထူးသဖြင့် တပတ်ရစ် အသစ်ဆိုတဲ့ ဝေါဟာရကို သူရို ့ တိုင်းပြည်တွေမှာ တွင်တွင် သုံးလေ့ ရှိပါတယ်။ သူရို ့ တွေဆီ မှာ ပစ္စည်းအသစ် ဝယ်တဲ့အခါ အချို ့က ၇ ရက်အတွင်း အချို ့က ၁၄ ရက်အတွင်း မကြိုက်ရင် ပြန်ပေးနိုင်တဲ့ မူတွေ ရှိပါတယ်။ နောက်ပြီး အာမခံ ပေးတဲ့ ကာလအတွင်း အသစ်တလုံး ပြန်ပေးတာတို ့ ပြန်ပြင်ပေးတာတို ့တွေ ရှိပါတယ်။

အဲ့ဒီ မူဝါဒတွေ ကနေပြီး ရယ်၊ တခါ ထုတ်လုပ်နေရင်း အရည်အသွေးစစ်ဆေးဌာနမှ အရည်အသွေး စံနှုန်းမမီ ဘူးလို ့သတ်မှတ်တဲ့ ပစ္စည်းတွေရယ်၊ အခြား ကိစ္စ လေးတွေကြောင့် မူလအတိုင်း ပြန်မဖြစ်နိုင်တဲ့ အရာတွေရယ် ကို ပြုပြင်မွမ်းမံစရာရှိတာ မွမး်မံ ပြင်ဆင် ဖြုတ်လဲ စရာရှိတာ ဖြုတ်လဲ အစားထိုး ရီဖားဘစ်ရှ် ရယ်လို ့ ဈေးကွက် ပြန်တင်ပြီး ရောင်းဝယ် ကြပါတယ်။

သုံးစွဲ သူဆီကနေ မှ ပျက်လို ့ဖြစ်ဖြစ် အခြားစံလွဲလို ့ပဲ ဖြစ်ဖြစ် ပြန်ရောက်လာတဲ့ ပစ္စည်းတွေကို တော့ သီးသန် ့ စကားလုံးမသုံးပေမယ့်။ ထုတ်လုပ်နေစဉ်မှာ စံလွဲ စံမမှီ လို ့ သုံးစွဲသူဆီ လုံး၀မရောက်သေးတဲ့ ပစ္စည်းတွေကို ကျတော့ Manufacturer Refurbished သို ့ Factory Refurbished ရယ်လို ့သီးသန့် သုံးစွဲတာ တွေ ့ရပြန်ပါသေးတယ်။

ထုတ်လုပ်သူ အများစု ကလည်း အဲ့လို ့ တပစ်ရစ် အသစ်တွေကို သီးသန့် ရောင်းချပြီး ပုံမှန်အနေနဲ့ အနည်းဆုံး ပေါ်က်ဈေးထက် ၃၀ ရာနှုန်းကနေ အများဆုံး ထက်ဝက်ကျော်လောက်အထိ ဈေးတွေ ချပြီး ရောင်းချပေးတာ တွေ ့နိုင်ပါတယ်။ နာမည်ကျော် ပန်းသီး ကုမ္ပဏီ ဆိုရင် သု ့ရဲ့ မက်ခ်ဘွတ် ခရီးဆောင် ကွန်ပျူတာတွေ အိုင်ပေါ့တွေကို ၃၀ ကနေ ၆၀ ရာနှုန်းလောက်အထိ ပန်းသီး ကုမ္ပဏီ အသိအမှတ်ပြု တပစ်ရစ် အသစ် ဆိုပြီးတောင် ရောင်းချပေးပြီး အာမခံကလည်း အသစ်စက်စက် နည်းတူ တနှစ်တောင် ပေးထားပါတယ်။

ပန်းသီး က တပစ်ရစ် အသစ်တွေကို ပေးတဲ့ ဝန်ဆောင်မှုဟာ တကယ့်ကို ကောင်းပါတယ်။ အသိတယောက် ပြောပြတာဆိုရင် သူ ့မိတ်ဆွေ တဦး တပတ်ရစ် အသစ် ဝယ်လိုက်တာ လက်ထဲရောက်ပြီး မကြာမီ ချွတ်ယွင်းချက် တခုဖြစ်လို ့ဆားဗစ်စင်တာ ပြန်ပို ့လိုက်တာ ဟိုဖက်က ပြင်လို ့မရလို ့ဘဲလား ဘာဖြစ်လို ့လည်း မသိ အသစ်စက်စက် တလုံး ပြန်လဲပေးလိုက်တယ် ဆိုတာလေးပါ။

စာရေးသူ ရဲ့ ဘဝမှာ အဲ့ဒီ ရီဖားဘစ်ရှ် ဆိုတာ စပြီး ရင်းနှီးတာက ဂေါ်ဒန် က ဟာဗီးနော်မန်ဆိုင် မှာပါ။ မှတ်မိပါသေးရဲ ့ ဘာဖြစ်လို ့ ဒီလောက် ဈေးခေါက်ချိုးလောက် သက်သာနေတာလည်း လို ့ အရောင်းစာရေးကြီး ကို မေးကြည့်တော့ ဒီမှာ ရေးထားတယ် လေ ရီဖားဘစ်ရှ်တဲ့ ။ ပထမဆုံး ကြားဖူးတာ ဆိုတော့ နားမလည်ပါဘူး ။ ဘာလဲ ရီဖားဘစ်ရှ် ဆိုတာ ငါနားမလည်ဘူး ရှင်းပြပါဆိုတော့ သူက အရှည်ကြီး ရှင်းပြတာ မှတ်မိပါသေးတယ်။

နောက်ပြီး အဲ့ဒီ အရောင်းစာရေးကြီးကပဲ အကြံတောင် ပေးလိုက်ပါသေးတယ်။ တတ်နိုင်ရင် အသစ်ဝယ်ပါလားတဲ့။ ရီဖားဘစ်ရှ် လောက် အရည်အသွေးမမြင့် တဲ့ ပစ္စည်း ခပ်လတ်လတ် ဆိုလည်း ပိုမကောင်းဘူးလားတဲ့ အသစ်သုံးရတာပေါ့တဲ့ ။ သူ ့အတွေးအမြင်လေးပေါ့။ ဘာပဲဖြစ်ဖြစ် သူ ့ကျေးဇူးကြောင့် တပတ်ရစ် အသစ် ရီဖားဘစ်ရှ် ဆိုတဲ့ စကားလုံးလေးနဲ့ ကျွမ်းဝင်လာပါတော့တယ်။

အခြားထုတ်လုပ်သူ တော်တော်များများကလည်း တပတ်ရစ် အသစ်တွေ ရောင်းပေမယ်လို ့ ပန်းသီးလောက် အာမခံ မပေးထားပါဘူး။ ပုံမှန် ဆိုရင် ရောင်းချတဲ့ စတိုးဆိုင်တွေ အနေနဲ့ ဆိုင်ကပေးတဲ့ အာမခံ ရက် ၃၀ ဒါမှမဟုတ် ထုတ်လုပ်သူ ကိုယ်တိုင်က ရောင်းတယ်ဆို ထုတ်လုပ်သူက ပေးတဲ့ ရက် ၉၀ အာမခံပဲ ပေးရိုး ထုံးစံရှိပါတယ်။

ဒါကြောင့် တပတ်ရစ် အသစ်ဝယ်မယ်ဆိုရင် မေ့လို ့မရတာ အဲ့ဒီ ကန့်သတ်ထားတဲ့ အာမခံ မှုပါပဲ။ စာရေးသူလည်း တပစ်ရစ် အသစ် ပစ္စည်း အချို ့ဝယ်သုံးဖူးပါတယ်။ ဘာမှ စိတ်ညစ်စရာ မကြုံတွေ ့လိုက်ရပါဘူး။ ကံကောင်းတယ်ပဲ ပြောရမလားတော့ မသိပါဘူး။

မြန်မာနိုင်ငံမှာလည်း တပတ်ရစ် အသစ်တွေ ကြုံတွေ ့ဖူးပါတယ်။ အထူးသဖြင့် မီးချောင်းချုပ် တွေ ရောင်းတဲ့ ဒိုင်တွေ ပါပဲ။ ၂၉ လမ်း၊ လမ်း ၃၀ တဝိုက်က လျှစ်စစ်ပစ္စည်း ဒိုင်ကြီးတွေမှာ အောတို ချုပ်တွေ ပါကင်ကြီးတွေ နဲ့ ရောက်လာတဲ့အခါ ရာခိုင်နှုန်း တော်တော်များများက ပျက်တတ်ပါတယ်။ အဲ့ဒါ ဆိုင်မှာတင် ပြင်တဲ့ သူခေါ်ထားရပြီး ကောင်းအောင်ပြင် ပြီးရောင်းရတာပါပဲ။ မဟုတ်ရင် တအားအရှုံး ပေါ်မှာပေါ့။ ဒါပေမယ့် ဒါကိုတော့ ဘယ်သူမှ ရီဖားဘစ်ရှ် ရယ်လို့ မခေါ်ကြပါဘူး။ အခြားနေရာလေးတွေမှာလည်း သူ ့နည်း နဲ့ သူ ရှိနေကြမှာပါ။

ဘာရယ် မဟုတ် တပတ်ရစ် အသစ် ရီဖားဘစ်ရှ် လို့ ရွတ်ကောင်းကောင်းနဲ့ ရွတ်ရင်း ခေါင်းထဲ ပေါ်လာသမျှ ရေးလိုက်ပါတော့တယ်။ စာဖတ်သူတွေက ရော တပတ်ရစ် အသစ် ရီဖားဘစ်ရှ် နဲ့ ဘယ်လောက်များ ရင်းနှီး ထိတွေ ့ဖူး ပါသလဲဗျာ။

ညီမူရာ

Share

လွမ်းမိတဲ့ ဒွန်မောင်း

စာရေးသူ နဲ့ အရင်းနှီးဆုံး ပြည်ပနိုင်ငံတွေက လေဆိပ်တွေထဲမှာ ဒွန်မောင်း လေဆိပ်
Don Mueang / ท่าอากาศยานดอนเมือง / Don Muang က ထိပ်ဆုံးပါပဲ။ တကယ်တော့ ထိုင်းနိုင်ငံရဲ ့ အကြီးဆုံးလေဆိပ်။ ကမ်ဘာ့အကြီးဆုံး လေဆိပ်စာရင်းတွေထဲမှာ ၁၈ ခုမြောက်။ အာရှမှာ နံပါတ် ၂ အဖြစ်ကာလ ကြာရှည်စွာ ရပ်တည်ခဲ့တဲ့ ဒွန်မောင်းလေဆိပ်ကို မြန်မာနိုင်ငံသား တော်တော်များများလည်း ရင်းနှီးကြမှာပါ။ ဒွန်မောင်းလို ့ စာရေးသူတို ့ အားပါးတရ ခေါ်နေကြတဲ့ နာမည်ဟာ ပြောရရင်တော့ အမှားကြီးပါ။ သူရို ့ထိုင်းအသံနဲ့ ဆို စာရေးသူ ကြားသလောက် အနီးစပ်ဆုံး ဒေါန်းမွန် လို့ အသံထွက်ပါတယ်။

၁၉၁၄ ခုနှစ် မတ်လ ၂၇ နေ ့မှ စတင်ဖွင့်လှစ်ခဲ့တဲ့ ဒွန်မောင်း လေယာဉ်ကွင်းလေး ဟာ ၁၉၂၄ ခုနှစ်မှာ လေကြောင်းလိုင်းတွေ စတင်ဆင်းသက်ပြီး အသက်ဝင်ခဲ့ပါတယ်။ ပထမဆုံး ဆင်းသက်ခဲ့တဲ့ လေကြောင်းလိုင်းကတော့ ဒတ်ခ်ျ လေကြောင်းလိုင်းဖြစ်တယ်လို ့ မှတ်တမ်းများက ဆိုပါတယ်။ တကယ်တော့ ဒွန်မောင်း မတိုင်ခင် ထိုင်းမှာ လေဆိပ်တခုရှိပါသေးတယ်။ ရာမ-၄ ဘုရင်လက်ထက်မှာ လေဆိပ်ကို မြေနိမ့်အရပ်မှာ ရှိလို့ ရေလွှမ်းမိုးမှု တွေ ကင်းလွှတ်အောင် ကုန်းမြင့်အရပ်လို ့ အမည်ရှိတဲ့ တကယ်လည်းပဲ ကုန်းမြင့်တဲ့ ဒွန်မောင်း အရပ်ကို ပြောင်းရွှေ့ခဲ့တာပါ။

လေကြောင်းလိုင်းတွေ စပြေးဆွဲ ကတည်းကဆိုရင် ၈၅ နှစ် ဒါမှမဟုတ် စတင်ဖွင့်လှစ် ကတည်းကဆိုရင် ၉၂ နှစ် တာဝန် ထမ်းဆောင်ဆောင်ပေးခဲ့တဲ့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၈ ရက် မနက် ၃ နာရီ ၁၂ မိနစ်မှာ ဆစ်ဒနီ ကို ထွက်ခွာတဲ့ ကွမ်တက်စ် လေကြောင်းလိုင်း ရဲ ့ ခရီးစဉ်အမှတ် ( QF၃၀၂) နဲ့ ခေတ်တခေတ် ကို အဆုံးသတ်စေခဲ့ပါတယ်။

၂၀၀၇ နှစ်ဦးမှာပဲ အာရှရဲ ့မျက်နှာသစ် လို ့ သူရို ့တွေ ဝင့်ကြွားနေတဲ့ အသစ်ဖွင့်လှစ်လိုက်တဲ့ သုဝဏ္ဏဘူမိ လေဆိပ်ကြီး ရဲ ့ ပြေးလမ်းအသစ်တွေ ကွဲအက်မှုတွေကြောင့် ဒွန်မောင်းကို ပြန်လည် ဖွင့်လှစ်ဖို ့အကြောင်း ဖန်လာပါတယ်။
နောက်ပြီး ဒွန်မောင်းကို ဒီတိုင်းထိမ်းသိမ်းထားဖို ့ စားရိတ်တွေကလည်း မသေးတော့ ထိုင်း လေဆိပ် အာဏာပိုင်တွေ က ပြန်လည်ဖွင့်လှစ်ခွင့် ပြုလိုက်ပါတယ်။ ဒါနဲ့ပဲ ထိုင်းနိုင်ငံ ပြည်တွင်း လေယာဉ်တွေ ဆင်းသက်ဖို ့ စီမံကြပါတယ်။

လေဆိပ်ကြီးပိတ်လို ့ ၅ လအကြာ ၂၀၀၇ ခုနှစ် မတ်လ ၂၅ ရက်နေ ့မှာ ပြန်လည်အသက်ဝင်လာတာ ဒီကနေ ့အထိပါပဲ။ ထိုင်းနိုင်ငံ အလံတင် လေကြောင်းလိုင်းဖြစ်တဲ့ ထိုင်းအဲဝေး ၊ နော့အဲ နဲ့ ဝမ်းတူးဂိုး လေကြောင်း တို ့ ပြေးဆွဲ နေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံ လေဆိပ်ကိုယ်စားပြု နိုင်ငံတကာ အမှတ်အသားမှာ ဒွန်မောင်းကို ဘီကေကေ လို ့ နှစ်ပေါင်းများစွာ သတ်မှတ်ခဲ့တာ သင်္ခါရ သဘောတရားအရ ခုတော့ ဒီအမ်ကေ လို ့ပြောင်းလည်း သတ်မှတ်လိုက်ပါပြီ။

ပြေးလမ်း ၂ ခု ရှိပြီး ပြေးလမ်းအရှည် က (၁၂၁၃၉ ပေအရှည်။ ၁၉၇ပေအကျယ်) ရှိပြီး ပြေးလမ်းအတို က (၁၁၄၆၁ ပေအရှည်။ ၁၄၇ ပေအကျယ်) ရှိပါတယ်။ ၂၀၀၈ မေလမှာ အသစ်တိုးချဲ့ ဖွင့်လှစ်လိုက်တဲ့
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်က ပြေးလမ်းအရှည် (၁၁၂၀၀ ပေအရှည်။ ၂၀၀ ပေအကျယ်) နဲ့ နှိုင်းယှဉ်မယ်ဆို သိပ်မကွာတော့ဘူးလို ့ ပြောရမှာပါပဲ။

ဒွန်မောင်းနဲ့ ပတ်သက်လို ့ ကြားဖူးနား၀ ဟာသလေး တခုရှိပါတယ်။ အဲ့ဒီအချိန်က စာရေးသူတို ့ မင်္ဂလာဒုံလေယာဉ် ကွင်းကလည်း အဆင့်မမြင့်သေးဘူးပေါ့။ ထိုင်းမှာ လေဆိပ်အသစ်ကြီးဖွင့်တော့မှာမို ့ ဒွန်မောင်းကို ပိတ်တော့မယ်လို ့ ကြေညာပြီးချိန် မြန်မာနိုင်ငံသားကြီး တဦးက အခုလို မချိတင်ကဲ ပြောပါသတဲ့။ မသုံးတော့မယ့်တူတူ ဒီလောက်ကောင်းတဲ့ လေဆိပ်ကြီး တို ့မြန်မာပြည် သယ်သွားလို ့ရရင်ကောင်းမယ်တဲ့။ ဒါသူ ့ရင်ထဲက စကားပါ။

ဟုတ်ပါတယ် မြန်မာတို ့ အမြင်မှာလည်း ဒွန်မောင်းဟာ အဲ့သလောက်ကို ကောင်းနေပါတယ်။ လေဆိပ်အဆောက်အဦ ထဲမှာ ဟိုးဘက်ထိပ် ဒီဘက်ထိပ်ကို ပုံမှန်လျှောက်သွားမယ် ဆို ၄၅ မိနစ်ကနေ ၁နာရီ နီးနီး ကြာပါတယ်။ သုံးထပ်အဆောက်အဦ မှာ လေယာဉ်တွေ ဆိုက်ရောက်တဲ့ တာမင်နယ် သုံးခုတောင် ရှိပါတယ်။ အခုအသစ်ဖွင့်လိုက်တဲ့ သုဝဏ္ဏဘူမိ ကမှ ဆိုက်ရောက် တာမင်နယ် တခုပဲရှိတာပါ။

ဒွန်မောင်းမှာ လေယာဉ်ပြောင်းစီး ရမယ်ဆို အထာမသိရင် တော်တော် အဆင်မပြေပါဘူး။ မဟာမြိုင် ဆရာတော် ဦးဇောတိက တောင်မှ တခါက ဘယ်နေရာ သွားရမှန်းမသိ ဖြစ်သေးတယ်လို ့ ဟောကြားတာ နာဖူးပါတယ်။ တာမင်နယ် တွေက လှမ်းလျှောက်မယ်ဆို အဝေးကြီးပါပဲ အချိန်မလောက်လို ့ ပြေးလွှားရမယ် ဆို စိတ်မော လူမောနဲ့ တော်တော် ပင်ပန်းပါတယ်။

တခါက ဆရာသမား တဦး ရန်ကုန်မှာ လေယာဉ်နောက်ကျတော့ ဒွန်မောင်းလည်း ရောက်တာ နောက်ကျတာပေါ့။ သူပြောင်းစီးမယ့် လေယာဉ်က တိုင်စီဝေးလို ့ ခေါ်တဲ့ ပြေးလမ်းပေါ်တက်မယ့် တန်းစီတဲ့ လမ်းပေါ်တောင် ရောက်နေပါပြီ ဒါပေမယ့် သူ ့စီးမယ့် လေကြောင်းလိုင်း ကောင်တာ တခုမှာ နောက်ကျလို ့ပြေးနေပါတယ် စောင့်ခိုင်းပေးပါ ပြောထားတော့ လေယာဉ်ကစောင့်ပေး သူကပြေး နဲ့ တော်တော် ဟိုက်သွားတယ် ပြောပါတယ်။ သူတို ့ ကို ကားတစီးနဲ့ သပ်သပ် လိုက်ပို ့ပြီး ကုန်တင်တဲ့ ကရိန်းလေးနဲ့ တင်ပေးတယ် လို ့ ကြားဖူးပါတယ်။ ဒွန်မောင်းမှာ လေယာဉ်ပြောင်းစီးရတာ စာရေးသူတို ့လို မလည်မဝယ်တွေဖို ့တော့ စွန် ့စားခန်းပါပဲ။

ဒွန်မောင်းကို အကြိမ်ကြိမ် ရောက်ဖူးတာတောင်မှ တခါတလေ လေယာဉ်က ကွင်းထဲမှာ ရပ်လို ့ ကားကြီးနဲ့ လေဆိပ်အဆောက်အဦ ထဲ ဝင်ရတဲ့အခါ မျက်စိလည် လမ်းမှားဖူးပါတယ်။ တခါကဆို ဘယ်နဲ့ ညာနဲ့
မှားပြီး လျှောက်မိတာ အချိန်ကုန် လူမော စိတ်မောဖြစ်ဖူးပါတယ်။

တကယ်တော့ ဒွန်မောင်းဟာ ပြည်ပထွက်တဲ့ မြန်မာပြည်သားတိုင်းမစိမ်းတဲ့ နေရာတခုဆိုရင် မှားမယ်မထင်ပါဘူး တကြိမ်မဟုတ်တကြိမ် ရောက်ဖူးကြမှာပါ။ စာရေးသူဆိုရင် ဒွန်မောင်း မှာ ည လည်းပဲ
အိပ်ဖူးပါတယ်။ တရက်နီးနီးလောက်လည်း နေဖူးပါတယ်။ ပထမဆုံး နိုင်ငံခြားခရီး သွားတုန်းက အတူသွားတဲ့ ခရီးဖော်ကို မေးမိတယ်။ ဘန်ကောက်လေဆိပ်ကြီး သိပ်ခမ်းနားတယ်ပြောတယ် ဟုတ်သလားပေါ့။

သူက ပြောတယ် ဟိုရောက်ရင် သိလိမ့်မယ်တဲ့ သူ ့တုန်းကလည်း မင်းဟိုရောက်လို ့ မျက်မြင်တွေ ့တဲ့ ခံစားမှုအတိုင်းပါတဲ့။ ဒါနဲ့ပဲ ရင်တခုန်ခုန် နဲ့ ဒွန်မောင်း ဆိုတာကြီးကို ရောက်ဖူးခဲ့တယ်။ ဟုတ်ပါတယ်
ကိုယ်ထွက်လာတဲ့ လေဆိပ်နဲ့ ရောက်နေတဲ့ လေဆိပ် ပထမ အခေါက်လို လူတိုင်း အဲ့လို ပဲခံစားရမယ်လို ့ထင်ပါတယ်။ လူတွေမှ အများကြီး ကွင်းကြီးကလည်း အကြီးကြီး လေယာဉ်တွေ ဆိုတာ တန်းကိုစီလို ့။ လူဝင်မှု ကြီးကြပ်ရေး အင်မီဂရေးရှင်း ကောင်တာတွေဆိုတာ အများကြီးပဲ။ ရင်သပ်ရှုမောပေါ့။

ဒွန်မောင်းမှာ လေယာဉ်ပြောင်းစီးဖို ့ စောင့်ရတာ အကြာကြီးပါပဲ။ ဆိုတော့ ဒွန်မောင်းထဲမှာပဲ အချိန်တော်တော်ကြာ ဖြုန်းမိပါတယ်။ ချောင်ကြိုချောင်ကြားမကျန် အထပ်အစုံလည်း ရောက်ဖူးတယ်။ ဟိုးအရင်ကဆို ဒွန်မောင်းထဲမှာပဲ သောင်တင်နေတဲ့ ခရီးသည်တွေတောင် ရှိသတဲ့။ တယောက်တည်း အထုပ်လေး ပိုက်လို ့ တညလုံး နှိုးလိုက် ငိုက်လိုက နေဖူးတဲ့ အခေါက်တောင်ရှိပါတယ်။ ရန်ကုန်က ထွက်တော့ မနက် ၉ နာရီ။ ဒွန်မောင်းရောက်တော့ မနက် ၁၁ နာရီ နောက်လေယာဉ်က နောက်တနေ ့ ဝေလီဝေလင်း မနက် ၅ နာရီ လိုမျိုးတွေ ပေါ့။

တကယ်တော့ ဒွန်မောင်း ဟာ စာရေးသူ ဘဝမှတ်တိုင်တွေ ထဲမှာ တစ်ခုအဖြစ်ပါဝင်နေပါတယ်။ ပထမဆုံး သွားဖြစ်ခဲ့တဲ့ ခရီးမှာ ပထမဆုံး ရောက်ဖူးတဲ့ တိုင်းတပါးက လေဆိပ်တခုဆိုလည်း မမှားပါဘူး။ ဆရာတယောက် သင်တန်းပို ့ချတုန်းက နိုင်ငံတနိုင်ငံ ဘယ်လောက်ပိုက်ဆံ ရှိသလဲ ဆိုတာကို သူ ့နိုင်ငံက အိမ်သာတွေလည်း တင် သတ်မှတ်လို ့ရတယ်လို ့ပြောဖူးပါတယ်။ နိုင်ငံထဲ မရောက်တောင် တို ့တွေ ထရန်ဆစ် လုပ်တဲ့အခါ လေဆိပ်တွေကို ရောက်ကြတယ် လေဆိပ်တွေက အိမ်သာတွေထဲ ဝင်လိုက်တာနဲ့ တင် ဒီနိုင်ငံ ရဲ ့အဆင့်အတန်းကို သတ်မှတ်လို ့ရတယ်။ ဥပမာ အမေရိကား ဂျပန် လေဆိပ်တွေမှာ ရေပူရေအေးရတယ်။ တို ့ ထိုင်းနိုင်ငံရောက်တော့ ထိုင်းလေဆိပ်မှာ ရေအေးတဖက်ပဲ ရတော့တယ် ရေပူမရတော့ဘူး။ ဟော ရန်ကုန်လေဆိပ်လည်း ရောက်ရော အိမ်သာမှာ ရေမလာ ဘူး ဆိုတာလေး ပြောဖူးပါတယ်။ ဟုတ်မဟုတ်ကတော့ အမေရိကား ဂျပန်တွေ မရောက်ဖူးတော့ မသိဘူး။ ဆရာနှယ့် ပိုရန်ကော လို ့ တွေးမိဖူးပါတယ်။ ဒါပေမယ့် ဒါလေးက စိတ်ထဲ စွဲနေပါသေးတယ်။

ရန်ကုန်မှာ လေဆိပ်အတွင်းဖက် ပထမဆုံး ရောက်တုန်းက အိမ်သာ ဝင်ပါသေးတယ်။ ရေလာတော့ ငါ့ဆရာလောက် မဆိုးသေးဘူး ဆိုတာ တွေးလိုက်သေးတယ်။ ဒွန်မောင်းရောက်တော့ အိမ်သာ လိုက်ရှာပြီး ဝင်တော့ ကွာတော့ ကွာတယ် လို ့ပဲ ပြောရမှာပါပဲ။ အချို ့လေဆိပ်ကြီး တွေနားမှာ ရေကန်တွေ ဘာတွေ တွေ ့ရတယ် ဒွန်မောင်းမှာတော့ မရှိပါဘူးလို ့ထင်တာပါပဲ။ နောက်တခု က ထိုင်းရဲ့ နိုင်ငံရဲ့ နာမည်ကျော် ခြေထောက်နှိပ်တဲ့ နေရာလေးတွေ ရှိတယ်။ တခါမှတော့ မနှိပ်ဘူးပါဘူး။ ဒွန်မောင်းကို လေယာဉ်မဆင်းခင် လေပေါ်ဝဲနေတုန်း မြင်ကွင်း။ လေယာဉ်အတက် တက်ခါစ မှာဝဲနေတုန်း မြင်ကွင်းတွေဟာ မဆန်း ပေမယ့် စိတ်ထဲ စွဲနေတုန်းပါပဲ။

ခုဒွန်မောင်းကို ထိုင်းနိုင်ငံတွင်း ခရီးစဉ်များသာ သုံးတော့တဲ့အတွက် လေယာဉ်ပြောင်းစီးတုန်းကလို ခဏခဏ မရောက်ဖြစ်တော့ပါဘူး။ ၇ ကြိမ်လောက် ဖြတ်သန်းဖူး ကျင်လည်ဖူးတဲ့ ဒွန်မောင်း။ ဟိုဖက် တာမင်နယ် ဒီဖက်တာမင်နယ် မှားမိဖူးတဲ့ ဒွန်မောင်း။ ရင်ခုန်စွာ ရောက်ခဲ့ဖူးတဲ့ ဒွန်မောင်း။ လမ်းပျောက်သူ ကို ကူညီပေးဖူးတဲ့ ဒွန်မောင်း။ အမိမြေ ကို ပထမဆုံး ပြန်တုန်းက ရောက်ချင်ဇော နဲ့ စိတ်တိုနေခဲ့ဖူးတဲ့ ဒွန်မောင်း။ ခုတော့လည်း ဆုံဖြစ်ဖို ့ မလွယ်တော့တဲ့ ဒွန်မောင်း။ လေဆိပ်ဟောင်းလို ့ ပြောင်းလည်း ခေါ်ဝေါ်ခြင်း ခံနေရတဲ့ ဒွန်မောင်း။ ကျနော့ရဲ ့ လွမ်းနေဦးမယ့် ဒွန်မောင်း။

ညီမူရာ

အထက်ပါ ခရီးသွားဆောင်းပါး ဆန်ဆန် ပို ့စ်ကို စာရေးသူ၏ ကိုယ်ပိုင် ထင်မြင်ချက်၊ ခံစားချက်၊ဖတ်ရှု မှတ်သားမိသော အချက်အလက်များဖြင့် ရေးဖွဲ့
ပါသည်။

အချက်အလက်များ ကို ဒီနေရာတွေက ယူပါတယ်။
ဝီကီ
တရားဝင်ဆိုဒ်
အခြား -
http://www.into-asia.com/bangkok/airport/
http://www.nationmultimedia.com/specials/suvarnabhumi/ff9.html

Share

ကျေးဇူးတင်ရှိခြင်း

ဒီဘလော့ ကို စတင်ဖြစ်ခဲ့တာ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့တာပါ။ ဒီတလောမှာ ကျတော့ အကြောင်း တိုက်ဆိုင်တာနဲ့ပဲ ပြန်ရေးဖြစ်ခဲ့ပါတယ်။

ကိုယ်မလုပ်တတ် တာတွေ သူများတွေ ဆီက ကြည့်ရင်း လုပ်ရင်းနဲ့ပဲ အချို ့ဟာလေးတွေ ပြည့်စုံလာပါတယ်။ ဒါနဲ့ ကျေးဇူးတင်စိတ်ဖြစ်ပြီး ဒီပို ့စ်ကို ရေးလိုက်ပါတယ်။

ပထမဆုံး ဘလော့ကို တင်ပေးထားတဲ့ Blogger

ရေးသမျှ အမာခံ ဖတ်ဖတ်ပေးပြီး စာတည်းမှူးလုပ်ပေးတဲ့ ချစ်သူ ဇနီးမယား အိမ်သူ သက်ထား လေး

ဧည့်သည် ဘယ်နှယောက်လာသွားတယ် ဆိုတာကို
နမူနာ ကြည့် ယူဖြစ်ခဲ့တဲ့ ဘကောင်း ဘလော့ က ကိုဘကောင်း

ရာဟူးပိုက် ဖိဘန်နာ နဲ့ အွန်လိုင်းမှာ ဘယ်နှ
စ်ယောက်ရှိနေတယ် ဆိုတာကို
လေ့လာပြီး ယူဖြစ်ခဲ့တဲ့ ဝီရှိမီက ကိုအန်ဒီ

ဝင်းဖွန် ့ နဲ့ ရေးရေးပြီး ဇော်ဂျီကို အွန်လိုင်းကနေ ပြောင်းနေကျ
စာမျက်နှာ ရဲ ့ ပိုင်ရှင် ဘလော့ဂါ ကိုမောင်လှ

နောက်ပြီး ဘလော့ကို အချိန်ကုန်ခံပြီး လာဖတ်နေတဲ့ သူတွေ ပေါ့။


အင်တာနက် ဆိုဒ် တွေ ထဲက ဆိုလျှင်
စာမျက်နှာတွေ ကို ဧည့်သည် ဘယ်နှစ်ခါလာသလဲ မှတ်တမ်းတင်ပေးထားတဲ့ StatCounter နဲ့ FastWebCounter
တပြိုင်တည်း ဖတ်နေဦးသူရေ ဖော်ပြပေးတဲ့ 24Log
ပို ့စ်အသစ်တွေ တက်တိုင်း စုစည်းပေးထားတဲ့ FeedBurner

ကိုယ်ဘလော့ အခြေအနေ ကို ဆန်းစစ်နိုင်တဲ့ Google Analytics
Yahoo Pipes

ကျေးဇူးအထူးတင်ရှိပါကြောင်း
ညီမူရာ
အလျှင်းသင့်သလို ဆက်လက် ပြီး တိုးချဲ့ ရေးသွားပါ့မယ်။

Share

အိမ်ပြောင်းကြမယ်

အိမ်ပြောင်းရတာလည်း တော်တော် ခက်ခဲတဲ့ အလုပ်တခုပါ။ ပစ်စည်းတွေ သိပ်မရှိလို ့က ခံသာပေမယ့် များလို ့ကတော့ သိမ်းဆည်း ထုပ်ပိုးရတာတင် တော်တော့ကို အလုပ်များပါတယ်။ နောက်တခုကတော့ ဘယ်လိုနည်း နဲ့ ပြောင်းမလဲပေါ့။ တကယ်က စင်ကာပူလို နိုင်ငံမျိုးမှာ အိမ်ပြောင်းရတာ တော်တော်လေး အဆင်ပြေပါတယ် အိမ်ပြောင်းပေးတဲ့ မူဗာ (Movers) တွေ ခေါ်လိုက်ရုံပါပဲ။ မူဗာမှာ ၂ မျိုးကွဲသွားပါတယ်။ ပုံမှန် အိမ်ပြောင်းတဲ့ သူကို မူဗာ (Mover) လို ့ပဲ ခေါ်ကြပြီး သေချာကောင်းကောင်း ဈေးကြီးကြီးနဲ့ ပြောင်းပေးတဲ့ အဖွဲ့တွေကို ကျတော့ ပရော်ဖက်ရှင်နယ် မူဗာ (Professional Movers) လို ့ခေါ်ကြပါတယ်။

ပုံမှန် မူဗာ တွေကတော့ သယ်ပေးမယ့် လူ မခေါ်ဘဲကိုယ်တိုင် သယ်မယ်ဆို ကားခချည်းဘဲ
စလုံး တကျွန်းလုံး ဘယ်နေရာ ပြောင်းပြောင်း နီးနီး ဝေးဝေး ၄၀ ကနေ ၈၀ လောက်အထိ ရှိပါတယ် ။ ဒိုင်နာ ၁၀ ပေ ကားလေးတွေပါ။ ဈေးပေါတဲ့ ကားတွေက အမိုးဖွင့်လေးတွေ များပြီး ကွန်တိန်နာခန်းလို ပါရင် ဈေးကြီးသွားပါတယ်။ မန်းပါဝါ (Men Power) လို ့ သူတို ့ခေါ်တဲ့ ကူသယ်ပေးတဲ့ လူ တယောက်ကို တနာရီ ၁၅ ဒေါ်လာ လောက်ပေးရပါတယ်။ ပုံမှန် အားဖြင့် ကူသယ်ခ က ၃၀ ကနေ ၁၀၀ လောက်အထိ ပုတ်ပြတ် ကျတတ်ပါတယ်။

ဆိုတော့ တခေါက်ကို ကူသယ်ပေးတဲ့ လူတွေ ခေါ်ရင် အပြီးအစီး ၇၀ ကနေ ၁၅၀ လောက်အထိ ကျပါတယ်။ ကိုယ်က သိပ်သန်မာပြီး လူအုပ်တောင့်ရင်တော့ ကားချည်းပဲငှား အနည်းဆုံး ၄၀ ကနေ အများဆုံး ၈၀ ပေါ့။

အဲ့လို ဈေးသက်သက်သာသာ နဲ ့ ပြောင်းပေးတဲ့ စာရေးသူတို ့လက်စွဲ မူဗာကတော့

အန်ဒီ လို ့ခေါ်တဲ့ တရုတ်ကြီးပါ အင်္ဂလိပ်လို ကောင်းကောင်းမရပါဘူး ဒါပေမယ့် သဘောကောင်းပါတယ်
Andy အန်ဒီ - ဖုံး - ၉၀၆၀၆၁၂၆
(ပိတ်ရက်များ ဆို ဘွတ်ကင်တွေ ပြည့်နေလို ့ တပါတ် ၁၀ ရက်လောက် ကြိုမှာထားရပါတယ်)
နောက်တယောက်က အက်မန် ပါ (မလေးလူမျိုးပါ) အန်ဒီ ဆရာသမားလို ့ပြောကြတယ် သူလည်း ကောင်းပါတယ်
Edmund အက်မန် ဖုံး - ၈၁၄၄၈၂၆၆ ပါ။
သူတို ့နဲ့ပြောင်းတိုင်း စိတ်ချမ်းသာရလွန်းလို ့ မိတ်ဆွေ သူငယ်ချင်းနဲ့ ကိုယ်တိုင် ၁၀ ခါထက်မနည်း အိမ်ပြောင်း ဖူးပါတယ်။

ဒီနောက်ဆုံးတခေါက် ကြားရက်ကြီး ပြောင်းရမှာရယ် ပစ်စည်းများတာရယ်ကြောင့် ပရော်ဖက်ရှင်နယ် မူဗာခေါ်လိုက်တယ်။ သူတို ့ ပရော်ဖက်ရှင်နယ် မူဗာက တဘာသာ ကိုး။
မပြောင်းခင် အနည်းဆုံး ၂ ပါတ်ကြိုပြီး စီစဉ်ရပါတယ်။ ကပ်မှဆိုရင် ဈေးတွေ ပိုကြီးပါတယ်။ ဖုံးဆက်လိုက်တာနဲ့ သူတို ့ရုံးက တယောက် လာကြည့်တယ်။ ပရိဘောဂ ဘယ်လောက်များမလဲ ဘယ်လောက်ခက်ခဲမလဲ ဘယ်လောက်အလုပ်ရှုပ်မလဲ ဘယ်လောက် ပင်ပန်းကြမလဲပေါ့။ ပြီးတော့ ဈေးပြောပါတယ်။ ၂+၁ တိုက်ခန်း ပရိဘောဂအစုံအလင်ကို ၃၀၀ ကနေ ၄၅၀ တွင်းရှိပါတယ်။ ဈေးညှိလို ့ရပါတယ်။စာရေးသူတို ့ ဈေးညှိကြတော့ နောက်ဆုံး ၃၅၀ နဲ့ ဈေးတည့်သွားပါတယ်။ ဘွတ်ကင် ဖြတ်ရင် လျှော်ကြေး ၁၀၀ လာမသိဘူး ပေးပါ့မယ်ဆိုပြီး ဘောက်ချာထဲမှာ ရေးထားသေးတယ်။ ပိုင်ပါ့ကွယ်။

အဲ့ဒီ ဈေးလာဖြတ်တဲ့ သူက အိမ်က ပစ်စည်းအနေအထားကို ကြည့်ပြီး သူ ့သဘာ နဲ့ သူ တွက်ချက်ပြီး စက်ကူ ကဒ်ထူပုံးတွေ ရေးသွားပါတယ်။ မပြောင်းခင် ၂ ပါတ်အလိုမှာ အိမ်ကို ကဒ်ထူပုံး တွေ လာချပါတယ်။ တိတ်တွေနဲ့ စတစ်ကာလေးတွေ နဲ့ပေါ့ဗျာ။ ဈေးက ပေးထားရတာကိုး သေချာလုပ်တာပေါ့။ မပြောင်းခင်အထိ စိတ်ကြိုက် ထည့်စမ်းပဲ။ မလောက်ရင် ဖုံးထပ်ဆက်လိုက် အပိုကြေးနဲ့ ပုံးအပိုတွေ လာပေးလိမ့်မယ်။ ပရိဘောဂ တွေ ကို ဘာမှ မလုပ်နဲ့ သူတို ့ဖြုတ်ပေးမယ်တဲ့။

ပြောင်းမယ့်နေ ့ ပြောထားတဲ့အချိန် ဆို ကားကြီးနဲ့ လူ ၆ ယောက်လောက်ပါလာတယ်ပေါ့ဗျာ။ မထိခိုက်အောင် သူတို ့ဖာသာ သူရို ့ ပလစ်စတစ်တွေ နဲ့ပတ် အဝတ်တွေ နဲ့ ခံပေါ့။ ဘီရိုတွေ ပရိဘောဂတွေ ဖြုတ်တဲ့သူက ဖြုတ်။ သယ်တဲ့ သူတွေက သယ်ပေါ့။ တအိမ်လုံးကို သယ်ပြီး ကားပေါ်တင်သွားတာ မိနစ် ၂၀ သာသာပဲ။

အိမ်အသစ်ရောက်တာနဲ့ အဲ့လို ပဲ သယ်ပေါ့။ပရိဘောဂတွေ ဆင်ကြပေါ့။ ပုံးတွေကတော့ ထားခဲ့တယ်။ နောက် ၂ ပါတ်လောက်မှ လာယူတယ်ပေါ့ဗျာ။ လာမယူခင် ဖုံးဆက်သေးတယ် ဘယ်နေ ့လာယူပါ့မယ်ဆိုတာမျိုးပေါ့။

စာရေးသူတို ့ပြောင်းလိုက်တဲ့ မူဗာက အီလစ် Elite Movers တဲ့ စလုံးတွေ တော်တော်များများလည်း ကြိုက်ကြတယ်ပြောတယ်။ တော်တော်လည်းပဲ စိတ်ချမ်းသာရပါတယ်။ ပေးထားရတာလည်း နင့် နေတာကိုး။
ဘာတခုမှ ဝိုင်းမသယ်လိုက်ရတာမို ့ လည်း ကျေနပ်တာဖြစ်နိုင်ပါတယ်။ အဝတ်လျှော်စက်တွေ ရေခဲသေတ္တာ တွေလည်း နေရာချပြီး ဆင်ပေးပါသေးတယ်။

ဒီပို ့ကတော့ အိမ်ပြောင်းဖို ့ပြင်ဆင်နေပြီး ဘယ်မူဗာ နဲ့ ပြောင်းရမှန်းမသိ သူတွေ အသုံးဝင်ဖို ့ ရေးပေးလိုက်ပါတယ်။

ညီမူရာ


Share

ဂျေတီစီ တွင် အိမ်ငှားခြင်း (၂)

စင်ကာပူမှာ အိမ်ရှာရတာ တကယ်တော့ သိပ် မလွ
ယ်ကူလှပါဘူး။ အခြားနိုင်ငံတွေ ထက် စာလျှင်တော့ လွယ်တယ်လို ့ပြောရမှာပါ။ အခုနှစ်ပိုင်းမှာ အိမ်ခန်းငှားခ ဈေးတွေ မြင့်တက်လာတာနဲ့အမျှ လိမ်လည်မှုတွေ လည်း တိုးပွားလာပါတယ်။ ပွဲစား(အေးဂျင့်) တွေကလည်း အချို ့စုန်းပြူးတွေက အိမ်ရှင်နဲ့ ပေါင်းပြီး လိမ်တာတွေလည်း ရှိတတ်တာကိုး။ နောက်တခုက ကိုယ်ငှားမယ့် အိမ်ကြိုက်လို ့ စရံအဖြစ် ပေးတဲ့အခါ အိမ်ငှားခ တလစာကို အေးဂျင့် ပွဲစားကို ပေးလိုက်ရပါတယ် ပွဲစားက ဖြတ်ပိုင်းလေး တခုပဲပေးလိုက်တာမို ့ အချို ့ကလည်း မယုံရဲကြဘူး။ တခါတလေ လည်း တိုက်အောက်က စားပွဲလို နေရာမျိုးမှာပဲ ငွေပေးပြီး ဖြတ်ပိုင်းလေး ပြန်ယူလာရတာမျိုးပါ။

အဲ့ဒီမှာပဲ အချို ့ပွဲစားတွေ ဒါမှမဟုတ် အိမ်ရှင်တွေက လိမ်ကြတာပါ။ တကယ်တမ်း အိမ်တက်မယ့် နေ့ကြမှ သော့ပိတ်ထားတာမျိုး သို ့မဟုတ် တအိမ်တည်းကို ပဲ ၁၀ ဦး လောက်ကို ငှားမယ်ဆိုပြီး စရံတွေ အလစ်သုတ် သွားတာမျိုးတွေ ပေါ့။ ဆိုတော့ကာ စလုံးမှာ အိမ်ငှားမယ်ဆို အတော်ပဲ စွန့်စားကြရတာမျိုးပေါ့။ ဒါပေမယ့် အဲ့လို ့ ပြင်ပက အိမ်ပွဲစား အေးဂျင့်တွေ နဲ့ ငှားရင် အခန်းကို အိမ်ကို ကြိုက်သလို ငွေမပေးမှီ ကြည့်လို ့ရတာမျိုးပါ။

နောက်တခု စိတ်ညစ်စရာက ကိုယ်တတ်နိုင်တဲ့ ဈေးမို ့လို ့အိမ်သွားကြည့်တဲ့အခါ ငှားချင်သူ လေး ငါးဦးကို တချိန်တည်း ချိန်းပြီး ပွဲစားနဲ့ အိမ်ရှင်က ဈေးပြိုင်တောင်းတာပါ။ ငှားချင်တဲ့သူတွေ ခမျာ အိမ်ကြိုက်ရင် သူ အပြိုုင် ငါအပြိုင် ဈေးပိုပေးပြီး လုကြရတာပါ။ ဒါကို သူရို ့တွေက အော်ဖာ လုပ်တယ် ပြောပါတယ်။ အော်ဖာ ပေးပါ အော်ဖာ ပေးပါ နဲ့ အပြိုင်တောင်းတော့တာပါပဲ။ အဲ့ဒီမှာ ကိုယ်တွေက နဂို ဈေးလောက်တတ်နိုင်လို ့သွားကြည့်ပါတယ် အော်ဖာပေးခိုင်းတော့ မပေးနိုင်ဘဲ ကြိုက်တဲ့အခန်းတွေ လက်လွတ်ရတတ်ပါတယ်။ အခါနောက်တမျိုးက မြန်မာမို ့လို ့မငှားနိုင်ဘူး ဆိုတာကလည်း ကြုံရတတ်ပါတယ်။ အောင့်သက်သက်နဲေ့ပါ့။

ဂျေတီစီ ကနေ ငှားမယ်ဆိုရင်လည်း ကောင်းတာလေးနဲ့
မကောင်းတာလေးတွေ ရှိပါတယ်။
ပထမဆုံး မကောင်းတာလေး ပြောရမယ်ဆိုရင်တော့ ကိုယ်ငှားချင်တဲ့ တိုက်ခန်းရဲ ့အတွင်းဖက်ကို ကြည့်လို ့ မရတာပါ။ ပြင်ပ အခြေအနေတွေက တော့ ငှားပြီးမှ သွားကြည့်လည်း ဖြစ်ပေမယ့် အတွင်းဖက် အခြေအနေတွေက သော့ရပြီးမှပဲ ကြည့်ရတာပါ။ စာရေးသူ တယောက်ထဲရဲ ့အမြင်နဲ့ ပြောရမယ်ဆိုရင် မကောင်းတာ အဲ့ဒီတချက်ပဲ သိသိသာသာကြီး ရှိပါတယ်။ အခြားတခု က ပရိဘောဂတွေ မပါတဲ့အတွက် အချို ့ကလည်း မကြိုက်ကြပါဘူး။

ကောင်းတာတွေကတော့ အမျာသိပြီးသား ဖြစ်တဲ့အတိုင်း ငွေလိမ်မှာ မစိုးရိမ်ရဘူး ပေးထားတဲ့ စဘော်ငွေကို နောက်ကျရင်သာရှိမယ် ပြန်ကိုရမယ်။ အိမ်ရှင်တွေ လာဒုတ်ခရှာတာမျိုးမရှိဘူး။ ဒါပေမယ့် အခန့်မသင့်ရင်တော့ ဂျေတီစီမှ တာဝန်ရှိသူတွေက ရှောင်တခင်စစ်တတ်ပါတယ်။ နောက်ပြီး ၂ နှစ်နေလို ့ရမယ်။

အစပျိုးတာ သိပ်ရှည်သွားပြီးတဲ့နောက်မှာ အိမ်ကို ဘယ်လို ငှားမယ
်ဆိုတာ ရေးပါတော့မယ်။

ဂျေတီစီ ကနေ အိမ်ငှားချင်သူအားလုံးအဖို ့ လက်သွက်ဖုို ့ပဲ လိုပါတယ်။ တကယ်တော့ ဂျေတီစီက တကျွန်းလုံးမှာ ငှားစားတဲ့ တိုက်ခန်းက ထောင်ကျော်လေးပဲရှိတာပါ။ ငှားချင်သူတွေက ဒုနဲ့ဒေးနဲပါ။ နေရာကောင်းရင် ခုမြင် ခုပျောက်ပါပဲ။ နေရာမကောင်းရင်
တော့ လူကြိုက်နည်းတာ ထုံးစံပါပဲ။

ဒါကြောင့် ဂျေတီစီ ငှားချင်သူများအဖို ့ လက်ဦးမှုရယူဖို ့အရေးအကြီးဆုံးပါ။ လက်ဦးမှုရနိုင်ဖို ့က ကြိုတင် ပြင်ဆင်ထားဖို ့ပဲလိုတာပါ။


ဘာတွေ ပြင်ဆင်ထားရမလဲ
ပြင်ဆင်ထားဖို ့ကတော့ သူတို ့လိုအပ်ချက်တွေအတိုင်း ကိုယ့်ဖက်က အတိအကျပြင်ဆင်ထားနိုင်ရပါတယ်
နောက်ပြီး သူငယ်ချင်း ၂ ဦး ၃ ဦး ငှားမယ်ဆို လူအားလုံးရဲ ့ရုံးတွေက အလုပ်လုပ်ကြောင်း ကုမ်ပဏီ ထောက်ခံစာကို တင်ကြိုတောင်းထားဖို ့လိုပါတယ်။ ဒါအရေးအကြီးဆုံးပါပဲ တခါတလေ ရုံးတွေက သုံးလေးရက် ကြာမှ ထုတ်ပေးတတ်တာကိုး။


ပါ့စပို ့မိတ်တူ တွေ ။ အိုင်စီ မိတ်တူတွေ ။ (အိမ်ထောင်သည်တွေဆို လက်ထပ်စာချုပ် မူရင်းနဲ့ နိုတြီ ဘာသာပြန်တွေရဲ ့ မူရင်း မိတ်တူ တွေ) ဓာတ်ပုံ ၂ ပုံစီ။ ဘဏ်စာရင်း နံပါတ်တဲ့ အဓိက အရေးအကြီးဆုံး ဖြစ်တဲ့ ပိုက်ဆံပါပဲ။ ပိုက်ဆံ ဆိုလို ့ ဂျေတီစီ မှာငွေသွင်းရတာ နဲနဲ ကရိကထ များပုံကို အောက်မှာ သေချာရေးပေးပါ့မယ့်။ သေသေချာချာ မှတ်သားထားဖို ့လိုပါတယ်။ မဟုတ်ရင် ဇယားသိပ်နောက်ပါတယ်။

အားလုံးပြင်ဆင်ထားပြီးပြီဆိုရင် ဘယ်သူ က အဓိက တာဝန်ခံအဖြစ် ငှားမလဲဆိုတာ သတ်မှတ်ထားဖို ့လိုပါတယ်။ နောက်ပြီး ဘယ်သူက အမြဲ ဂျေတီစီ ရဲ ့အင်တာနက် ပေါ်မှာ ပေါ်လာမယ့် အခန်းကို စောင့်ကြည့်မလဲဆိုတာရယ်ပါ။ အိမ်ငှားဖို ့ပြင်ဆင်ပြီးပြီဆိုတာနဲ့ အဲ့ဒီစာရွက်စာတမ်းတွေကို ဂျေတီစီကို အနီးဆုံး ပြေးနိုင်တဲ့တယောက်က အမြဲအဆင်သင့် ဆောင်ထားဖို ့လိုပါတယ်။ (အ
ပိုပြောတာမဟုတ်ပါ)။ လက်မတင်လေး နောက်ကျလို ့အခန်းလွတ်သွားဖူးမှ ဘယ်လောက် လက်ဦးမှုရယူဖို ့လိုအပ်သလဲ သဘောပေါက်ကြမှာမို ့ပါပဲ။
ဂျေတီစီ မှာ အခန်းပေါ်ဖို ့ကို ဒီနေရာမှာ အမြဲစောင့်ကြည့်ရပါမယ်။ အခန်းပေါ်တာနဲ့ အဲဒီ လင့်ခ်မှာ အောက်ပါအတိုင်း ပေါ်မှာပါ။
တခု ပြောဖို ့ကျန်သွားတာက အိမ်ခန်း အသစ်ပေါ်ရင် ကိုယ့်ဆီကို အီးမေးလ်း ပို ့ပေးတဲ့ ဝန်ဆောင်မှု ဆားဗစ် Email Alerts Service ပါ။ ဂျေတီစီက ဒီနေရာမှာ သွားလုပ်ထားနိုင်ပါတယ်။ ကိုယ့် အီးမေးလ် ကို အခန်းအသစ်ပေါ်တာနဲ့ အီးမေးလ် တွေ ပို ့ပေးနေပါလိမ့်မယ်။ ဒါပေမယ့် ၁၂ နာရီ တခါတလေ တရက်လောက် နောက်ကျပြီးမှ အီးမေးလ် ဝင်တတ်တာတို ့ အမြဲ ကိုယ်တိုင် စစ်နေတာ ပိုကောင်းပါတယ်။

ခန်းပေါ်တဲ့ နေရာ ရယ် (မြေပုံမှာကြည့်) အခန်းငှားခရယ် စိတ်ကြိုက်တွေ ့ပြီဆိုတာနဲ့ စာရွက်စာတမ်း ဆောင်ထားတဲ့သူက ပြေးပေတော့ပဲ မြန်လေကောင်းလေးပေါ့။ တိုင်စီ စီးချင်စီး ဒါမှ မဟုတ် အကွားအဝေးက ရထားနဲ့ ပြေးလို ့ရတယ်ဆို ရထားနဲ့ ပြေး။ ဂျူရောင်းအိစ် ဘူတာ ရောက်တာနဲ့ ဂျေတီစီ ရုံးကို ခပ်သုတ်သုတ်လျှောက်မယ်ဆို ၇ မိနစ်အတွင်းရောက်မှာပါ။ အိမ်ငှားဖို ့ ရုံးခန်းက ဒုတိယထပ်မှာပါ ဘေးလှေကားကနေ တက်ရပါတယ်။

ရုံးခန်းထဲ ရောက်တာနဲ့ ကိုယ်ငှားမယ့် တိုက်ခန်းက ဘယ်ဧရိယာထဲပါလဲ အခန်းထဲက စာရွက်မှာ ကြည့်ပါ။ သူရို ့က အရှေ ့ပိုင်းရယ် အနောက်ပိုင်းရယ် ဆိုပြီး စင်ကာပူကို ၂ ပိုင်းပဲ ပိုင်းထားတာပါ။ စက်ကလေးမှာ ခလုပ်နှိပ်ပြီး တိုကင်ယူရတဲ့အခါ ခလုပ်လေးခုရှိပါတယ်။ အရှေ ပိုင်းအတွက် အခန်းငှား (စုံစမ်း) ဖို ့ခလုပ်က တခု။ အရှေ ့ပိုင်းအတွက် သော့ယူဖို ့က တခု။ အနောက်ပိုင်းအတွင်း အခန်းငှား(စုံစမ်း) ဖို ့ခလုပ်က တခု။ အနောက်ပိုင်းအတွက် သော့ယူဖို ့က တခုပါ။ ကောင်တာ လေးခု မှာ ၂ ခုက အရှေ ့ပိုင်း ၂ ခုက အနောက်ပိုင်းပေါ့။

တိုကင်ကို အရှေ ့ပိုင်း အနောက်ပိုင်း မှားယူမိလို ့ကတော့ တို ကင်ပြန်ယူပြီး ပြန်စောင့်ရတတ်ပါတယ်။ ကိုယ်လိုချင်တဲ့ တိုက်ခန်းက လူကြိုက်များလို ့ကတော့ အဲ့လို မှားယူမိလို ့ကတော့ သေပြီဆရာပေါ့။ တဦးတဦးကို နာရီဝတ်လောက် အချိန်ပေးရတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးပါလိမ့်မယ်။ ငှားမယ်လူ အားလုံး မျက်နှာပြဖို ့လိုတယ်ဆိုတာ မမေ့ကြနဲ့ ဦးဗျာ။

အိမ်ခန်းငှားခ ငွေ တွက်ချက်ရာဝယ်

သိထားဖို ့တခုက အင်တာနက်မှာ ပေါ်တဲ့ ဈေးက အခန်းငှားခသက်သက် ဆိုတာပါပဲ။ ထိန်းသိမ်းခနဲ့ ပြုပြင်စားရိတ် တလကို ၅၅ ဒေါ်လာကနေ ၇၅ ဒေါ်လာအထိ လစဉ် ကျသင့်နေမှာ ဖြစ်လို့ ထည့်တွက်ဖို ့ မေ့လို ့မဖြစ်ပါဘူး။ တိုက်ခန်းမှာ ပါတဲ့ အခန်းအရည်အတွက် နဲ့လိုက်ပြီး ကျသင့်တာပါ။ သူတို ့ပြဌာန်းထားတဲ့ ကျသင့်ငွေကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

စစခြင်း သေချာရှင်းပြပါလိမ့်မယ်။ ဆိုကြပါစို ့ ငှားချင်တဲ့ အခန်းက (၂+၁ တိုက်ခန်း) တလကို ၁၄၀၀ဒေါ်လာ ဆိုပါစို ့။ ဒါဆို တကယ်တမ်း လစဉ် ထိန်းသိမး်ခက ၅၅ ဒေါ်လာ ထည့်ပေါင်းရင် တလကို ၁၄၅၅ ဒေါ်လာ ကျမှာပါ။

နောက်တခု က တင်ကြိုပေးငွေပါ။ ဂျေတီစီ ရဲ့ အခန်းငှားခ ပြေစာက လစဉ် ၁ ရက်နေ ့ကနေ လကုန်အထိ ကို တွက်တာပါ (Bill Cycle) လို ့ခေါ်တာပေါ့ဗျာ။ ဆိုတော့ ငှားမယ့် တိုက်ခန်းက လတလ ရဲ ့ လဆန်း ၁ ရက်နေ ့မှာ စပြီး နေလို ့ရမယ်ဆိုရင် ပြသနာမရှိပါဘူး၊ ဥပမာ
ပထမလ တင်ကြိုပေးငွေ -- ၁၄၅၅
စဘော်အဖြစ် ပေးငွေ -- ၁၄၅၅
တံဆိပ်ခေါင်းခွန် -- ၁၇၀ (ခန် ့မှန်း)
ရုံးကိစ်စ ဆောင်ရွက်ခ -- ၉၀ (ခန့်မှန်း) ရယ်
စုစုပေါင်း -- ၃၁၇၀ ပဲ ကျမှာပါ

တကယ်လို ့ ငှားမယ့် တိုက်ခန်းက လတလ ရဲ ့ လလယ် ဖြစ်တဲ့ ၁၆ ရက်နေ ့မှာ စပြီး နေလို ့ရမယ်ဆိုရင် အဲ့ဒီ ၁၆ ရက်စာ(လတဝက်စာ ကို ပိုပြီး တင်ကြို ပေးရပါတယ်)၊ ဥပမာ
ကနဦး လတဝက်စာ (ပထမ ၁၆ ရက်နေ ့မှ လကုန်အထိ) -- ၇၂၇.၅
ထိုပထမ လကုန်မှ ဒုတိယ လကုန်အထိ တလစာ တင်ကြို -- ၁၄၅၅
စဘော်အဖြစ် တလစာ ပေးငွေ -- ၁၄၅၅
တံဆိပ်ခေါင်းခွန် -- ၁၇၀ (ခန် ့မှန်း)
ရုံးကိစ်စ ဆောင်ရွက်ခ -- ၉၀ (ခန့်မှန်း) ရယ်
စုစုပေါင်း -- ၃၈၉၇.၅ ကျသွားမှာပါ။
အတွက်မှားပြီး ငွေမလောက်ရင် တော်တော် အဆင်မပြေ ဖြစ်ပါတယ်။ အထက်ပါ အချက်အလက်တွေ က နမူနာ အဖြစ်တွက် ပြထားတာပါ။ အတိအကျမဟုတ်ပါဘူး အနီးစပ်ဆုံးလေးပေါ့။

ဂျေတီစီ သို ့ ငွေ ပေးချေမယ်
အားလုံး အဆင်ပြေ ချောမွေ ့လို ့ ငွေပေးတော့မယ်ဆိုရင် ငွေသားနဲ့ ဒါမှမဟုတ် နက် (Nets) နဲ့ လည်း ငွေ ပေးနိုင်ပါတယ်။ ငွေသားနဲ့ ကတော့ ဘာမှ ပြောစရာမရှိဘူးပေါ့ ရော့ပတမြား ရော့နဂါးပဲလေ။ နက်စ် နဲ့ ကျတော့ အများဆုံး တခါဖြတ် တဲ့ One Transaction မှာ ငွေ ၂၀၀၀ ပဲ ဖြတ်လို ့ရပါတယ်။ အဲ့ဒီ One Transaction မှာ ဘဏ် ကဒ်တကဒ်ကို တရက်အတွင်းမှာ ၁ခါပဲ ဖြတ်လို ့ရတာပါ။ ဆိုတော့ ဒီကဒ်ကို ပဲ ၂ ခါဖြတ်မယ်လုပ်လို ့မရပါဘူး။ နောက်တကဒ်ရှိရင် တော့ ရပါတယ်။

ဒါပေမယ့် ဘောက်ချာတစောင် (အိမ်တခန်းကို) ကဒ် ၂ ကဒ် နဲ့ပဲ ဖြတ်လို ့ရပါတယ် ကဒ် ၃ / ၄ ကဒ်နဲ့ ဆို မရပါဘူးတဲ့။ ကဒ်နဲ့ ၂၀၀၀ ဖြတ် ပြီး ကျန်တာကို ငွေသားလည်း အဲ့လို တွဲပြီးလည်း ပေးလို ့ရပါတယ်။ ကောင်းတာကတော့ ငွေးသားချည်းပဲ လုံးကနဲ ပေးလိုက်တာ ခေါင်းအေးတာပေါ့။ အနီးဆုံး ငွေထုတ်စက် က ဂျူရောင်းအိစ် ဘူတာမှာမှ ရှိတာ။ စာရေးသူတို ့တုန်းက ငွေသွားထုတ်လိုက် ပြန်လိုက်နဲ့ တော်တော် မောသွားပါတယ်။

ဂျေတီစီ မှာ နောက် ကောင်းကွက်တခုက တကယ်နေလို ့ရမယ့် ရက်ထက် ၂ ရက်စောပြီး နေနိုင်တာပါပဲ။ ဥပမာ အိမ်ခန်းက ၁၆ ရက်ေ
့တက်လို ့ရမယ်ဆို သော့ကို ၁၄ ရက်နေ ့မှာပေးပါတယ်။ မနက် ၉ နာရီက စလို ့ သော့သွားယူနိုင်ပါတယ်။ ရေမီးတွေ ကို အဲ့ဒီ သော့ယူမယ့် နေ ့မှာ တခါတည်း စဖွင့်တာအကောင်းဆုံးပါ။ ၂ ရက်ကြိုနေလို ့ရ သန့်ရှင်းရေး ကြိုရှင်းလို ့ရတာပေါ့။

သော့ယူတဲ့ နေ ့
သော့ယူမယ့် နေ ့ဆို လည်း ပထမ လျှောက်လွှာတင်တဲ့ နေ ့တုန်းက တိုကင်ယူတဲ့ စက်ကလေးမှာပဲ တိုကင်ယူရပါတယ်။ ကိုယ့်အလှည့်ရောက်ဖို ့တော်တော်ပဲ စောင့်ရလိမ့်မယ်။ သော့ယူတာတင် တဦးကို ၁၀ မိနစ်ကနေ ့ ၂၀ မိနစ်လောက် အထိ ကြာတတ်တယ်။ အိမ်ကို မှန်ပြတင်းတွေ စစ်ဖို ့တို ့၊ ရေပူချိုးစက် တို ့ မျက်နှာကြက် ပန်ကာတွေ တပ်ဖို ့တို ့ အခြား သိကောင်းစရာ တွေ ရှင်းပြပေးပါလိမ့်မယ်။ ပြီးရင် သော့ထုတ်ကြီး ပေးလိမ့်မယ်။ သော့ ဘယ်နှစ်ချောင်းပါကြောင်း သွားထုတ်သူ ကိုယ်တိုင် ဖောင်တခုမှာ ရေးရတယ်။ အိမ်ပြန်အပ်တဲ့အခါ အတိအကျ အဲ့ဒီ သော့ ဘယ်နှစ်ချောင်းဆိုပြီး ပြန်အပ်ရပါလိမ့်မယ်တဲ့။ သေချာသိမ်းထားပေရော့ပဲ။

သော့ရပြီးတာနဲ့ ပြေးပေတော့ ကိုယ် ၂ နှစ်လုံး နေရမယ့် အိမ်လေးရဲ ့အတွင်းပိုင်းကို စစခြင်းတွေ ့ဖို ့။ဘယ်လောက် ရင်ခုန်စရာ ကောင်းလိုက်သလဲလို ့။ နေမယ်လို ့ ဆုံးဖြတ်ပြီးပြီး ငွေတွေ ပေးချေပြီးပြီ ခုမှ အိမ်အတွင်းပိုင်း ဘယ်လို ရှိသလဲ မြင်ရတဲ့ ခံစားချက်။

နောက်ကောင်းတာတခု က အိမ်မှာ တခုခု ပျက်နေရင် ၁ လ အတွင်း အခမဲ့ ပြင်ပေး လဲပေးတာပဲ။ အိမ်သာတွေ ရေမကျတာ။ ရေပိုက်ခေါင်းမလုံတာ စတာတွေ ပေါ့။

ခုနောက်ပိုင်း ဂျေတီစီ တွေ အရင်ကထက် ဈေးနဲနဲမြင့်လာတာက သူတို ့က အိမ်အတွင်းပိုင်း တော်တော်များများကို ပြင်ဆင်ပြီး ဆေးသုတ်ပေး ကြွေပြားခင်းပေးတာတွေ လုပ်လာပေးပါတယ်။ အိမ်ထဲဝင်လိုက်တာနဲ့ အိမ်အသစ်လေး တခန်းကို ရောက်သွားရသလိုမျိုး ဖြစ်အောင် အတတ်နိုင်ဆုံး ရီနိုဗိတ် ပြန်လုပ်ပေးထားတာပါ။

နောက်ဆက်တွဲ
သိထားသင့်သော အချက်များ

ဂျေတီစီမှာ အိမ်ငှားတဲ့အခါ
၂+၁ (၃ခန်း) အိမ် မှာ လူအများဆုံး လေးဦးပဲနေခွင့်ရှိပါမယ်။
၃+၁ (၄ခန်း) အိမ် မှာ လူအများဆုံး ခြောက်ဦး အထိ နေခွင့်ရှိပါမယ်။
တရားဝင် စာထုတ် ထားတာကတော့ အက်စ်ပါ့စ် (S-Pass) များနေခွင့်မရှိပါဘူး။
အိမ်ငှားနေတဲ့ ပီအာ နိုင်ငံသားခံယူလိုက်တာနဲ့ အိမ်ပေါ်က ပြောင်းပေးရပါမယ်။
ရေပူချိုးစက်။ မျက်နှာကြက်ပန်ကာ နဲ့ လေအေးပေးစက် တွေကို ခွင့်ပြုချက်ရယူ တောင်းခံပြီးမှ တပ်ဆင်ရပါမယ်။

လစဉ် အိမ်ငှားခကို တောင်းခံတဲ့ ရက် (၁၄ ရက်နေ့လောက်ဖြစ်တတ်) မှာ ဘဏ်အကောင့်ထဲကနေ ဖြတ်မှာပါ။
အိမ်ငှားခ ဘဏ်ကနေ ဖြတ်လို ့မရတဲ့အခါ ဒဏ်ငွေ နဲ့ နောက်ကျကြေးများပေးဆောင်ရမှာပါ။
အိမ်ကို ဆက်မငှားချင်တဲ့အခါ ၂ လနီးပါးကြိုတင်အကြောင်းကြားရပါမယ်။ ဥပမာ ဇန်နဝါရီလ ၁ ရက်နေ ့(ဒါမှမဟုတ်) ဇန်နဝါရီလမကုန်ခင် မှာ အကြောင်းကြားခဲ့ရင် ဂျေတီစီ ဘက်က ဖေဖော်ဝါရီလ နောက်ဆုံးရက်အထိ နေမယ်။ မတ်လ ကစပြီး မငှားတော့ဘူးလို ့ သတ်မှတ်မှာပါ။


ဂျေတီစီမှာ အိမ်ငှားချင်သူ အပေါင်း လက်ဦးမှု ရယူနိုင်ပါစေလို ့ ဆုမွန်ကောင်းတောင်းရင် ဂျေတီစီတွင် အိမ်ငှားခြင်းကို အဆုံးသတ်လိုက်ပါတယ်။

ညီမူရာ

အခြား ဘလော့ဂါများရဲ ့
စလုံးကျွန်းမှာ အိမ်ငှားခြင်း နှင့် ဂျေတီစီ တွင် အိမ်ငှားခြင်း ကိုလည်း
အောက်ပါ နေရာများမှာ ဖတ်ရှုနိုင်ပါသေးတယ်။
ပီတိ ရေးသားသော း ခြင်္သေ့ကျွန်းမှာ ခိုနားရာ
ပီတီ ရေးသားသော း ခိုနားရာ - ခိုလေးတွေ နားဖို့ နေရာရှာ



Share



ဂျေတီစီ တွင် အိမ်ငှားခြင်း

ဒီတလလုံး အိမ်ရှာခြင်း အိမ်ငှားခြင်း နဲ့ အိမ်ပြောင်းခြင်းတို ့နဲ့ အတော်ပဲ လုပ်ရှုပ်သွားပါတယ်။ စလုံးမှာတော့ တတိယမြောက်အိမ်ပြောင်းခြင်းပါ။ တော်တော်ပဲ အတွေ့အကြုံစုံလင်စွာရသွားပါတယ်။ ဒီတခေါက်
ရသွားတဲ့ အိမ်ကတော့ ဂျေတီစီ လို ့ လူသိများတဲ့ ဂျူရောင်းမြို့နယ်ကောင်စီ Jurong Town Council Corporation (JTC) က အငှားချထားတဲ့ တိုက်ခန်းတွေပဲဖြစ်ပါတယ်။ တကယ်ဆို ဂျေတီစီက ငှားတဲ့အခါ စစခြင်းအလုပ်ရှုပ်သလောက် နောက်ပိုင်းတော်တော်ပဲ အေးချမ်းပါတယ်။ အိမ်ရှင်မှ အချိန်မရွေး အချိန်မတော် အခန်းလာစစ်ခြင်း။ တနှစ်တခါ ပွဲစားခ ပေးရခြင်း ကင်းဝေးရပါတယ်။ ဒါပေမယ့် ဂျေတီစီ ငှားပြန်တော့လည်း အိမ်တခုလုံး ဘာပရိဘောဂမှ မပါတဲ့အတွက် လိုအပ်တဲ့ ပရိဘောဂ တွေ ဝယ်ရပြန်ပါသေးတယ်။
ဂျေတီစီ ငှားကြတော့ သူငယ်ချင်း မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေက ဂျေတီစီ ငှားရင် ဘာလိုလဲလို ့ခဏခဏ မေးကြလွန်းလို ့ သူတို ့အတွက် ဘလော့မှာ ရေးမယ် လို ့ကြံရွယ်ရင်း ရေးဖြစ်သွားတာပါ

ဂျေတီစီကော်ပိုရေးရှင်း ကို ၁၉၆၈ မှာ စပြီးထူထောင်လာတာ ဆိုတော့ ဒီနှစ် ၂၀၀၈ မှာ နှစ်၄၀ ရှိသွားပါပြီ။ သူတို ့က လူနေအိမ်အပြင် စက်ရုံတွေ မြေတွေ အခြားအဆောက်အဦတွေပါ ငှားတယ် ဆိုပေမယ့် စာရေးသူတို ့ အဖို ့ စိတ်အဝင်စားဆုံးက အသင့်နေနိုင်တဲ့ လူနေအိမ်ခန်းတွေပါပဲ။ ဂျေတီစီ အကြောင်း အပြည့်အစုံကို ဒီမှာ ဖတ်နိုင်ပါတယ်။



ဂျေတီစီ နဲ့အနီးဆုံး အမ်အာတီ ကတော့ ဂျူရောင်းအိစ် Jurong East ဘူတာပဲ ဖြစ်ပြီး ဘူတာစင်္ကြံပေါ်ကနေ လှမ်းမြင်နိုင်ပါတယ်။ လိပ်စာအပြည့်အစုံက .





(photo from JTC )
JTC Corporation

#02-02/03
The JTC Summit
8 Jurong Town Hall Road
Singapore 609434

Business Hours:
Mon to Fri : 8.30am - 5.30pm
Sat : 8.30am - 1.00pm
Closed on Sun and Public Holidays

For further enquiries, please contact us at
Tel: 68855315/16/17/25/26/27
Fax: 68855323/68855329
Email: hdg@jtc.gov.sg

ဂျေတီစီ ကနေ အိမ်ငှားခြင်းကို သူတို ့ ရုံးအခေါ် Scheme for Housing of Foreign Talent (SHiFT) for employment pass holdersလို ့ခေါ်ပြီး မြန်မာမှုပြုမယ်ဆို တော်တော်ရှည်မှာမို ့ ဒီအတိုင်းပဲထားလိုက်ပါတော့မယ်။

အခန်းငှားရမ်းရန်အတွက် အခြေခံ လိုအပ်ချက်များ
Eligibility Criteria Checklist

၁) အဓိက ငှားရမ်းမည့်သူသည် အသက် ၂၁ နှစ်ပြည်ပြီးသူ ဖြစ်ရမည်။ ဒေဝါလီခံထားသူ မဖြစ်စေရ၊ ကိုယ်ပိုင်အိမ် မပိုင်ဆိုင်ထားသူဖြစ်ရပါမယ်။
၂) အဓိက ငှားရမ်းမည့်သူသည် အီးပီ (သို ့) ပီအာ ဖြစ်ရမည် ့အပြင် အခြေခံလစာ အနည်းဆုံး ၂၅၀၀ ရရှိရပါမယ်။
(ဒီနေရာမှာ အီးပီ ဆိုရင် လစာထုတ် ဖြတ်ပိုင်း ပြစရာမလိုဘဲ ပီအာဆိုရင်တော့ အနည်းဆုံး ၃ လ လစာထုတ်ဖြတ်ပိုင်း ပြစရာလိုပါတယ်။
အီးပီ ဆိုရင် လစာ ၂၅၀၀ ရမှ ထုတ်ပေးတာ ဆိုပြီး တောင်းမကြည့်တာပါ)
၃) အဓိက ငှားရမ်းမည် ့သူသည် တရားဝင် မှတ်ပုံတင်ထားသော စီးပွားရေးလုပ်ငနး် (သို့) ကုမ်ပဏီ တွင် လုပ်ကိုင်နေသူ ဖြစ်ရပါမယ်။
(ကုမ်ပဏီမှ ထောက်ခံစာပူးတွဲ တင်ပြရပါမယ်။)
၄) အဓိက ငှားရမ်းမည်သူသည် အိမ်ထောင်သည်ဖြစ်ပြီး (အိမ်ထောင်ဖက် နှင့် ကလေးများ) စင်ကာပူတွင်ရှိနေလျှင် မိသားစုအဖြစ် အတူတကွ ပူးတွဲတင်ပြရပါမယ်။
၅) အိမ်ခန်းကို တဦးတည်း(သို ့) လူလွတ်များငှားရမ်းပါက
ခန်း ခန်း (အိပ်ခန်း၂ခန်+ဧည့်ခန်း) ပါသောတိုက်ခန်းသာ ငှားရမ်းခွင့်ရှိပါတယ်။

ပူးတွဲ ငှားရမ်းမည့်သူသည် မိသားစုဝင်ဖြစ်ရန်မလိုပါ (သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်လညး်ရပါတယ်။)
မိသားစုဝင် ဆိုသည်မှာ အဓိက ငှားရမ်းမည်သူ၏ အိမ်ထောင်ဖက် ကလေး မိဘ နှင့် မွေးခြင်း များဖြစ်ရပါမယ်။
ဂျေတီစီ မှ လျှောက်လွှာကို အချိန်မရွေးငြင်းပယ်နိုင်ပြီး တိုက်ရိုက်လျှောက်ဖို ့ကိုပဲ သူတို ့က အားပေးပါတယ်။

လျှောက်လွှာဖြည့်ကြမယ်
လျှောက်လွှာ (ဖောင်) ဒေါင်းလုဒ် ရယူရန်

၁. အဓိကငှားရမ်းမည့်သူ နှင့် ပူးတွဲ ငှားရမ်းမည် ့သူများ အားလုံးသည် အခန်းငှားစဉ်တွင် ကိုယ်တိုင်လာရောက်ကြရမှာပါ

၂. အဓိက နှင့် ပူးတွဲ ငှားရမ်းမည့်သူများသည် လျှောက်လွှာကို ပြည့်စုံစွာ ဖြည့်ကြလျှက် အောက်ပါ စာရွက်စာတမ်းများကို မူရင်းနှင့်တကွ မိတ်တူပါ ယူဆောင်လာကြရပါမယ််

က) သက်တမ်းရှိ နိုင်ငံကူးလက်မှတ်
ခ) အမ်အိုအမ် ၊ အိုင်စီအေမှ ထုတ်ပေးထားသော သက်တမ်းရှိ အလုပ်လုပ်ခွင့၊်နေထိုင်ခွင့် လက်မှတ်(အီးပီ-ပီအာ)
ဂ) အဓိက ငှားရမ်းသူနှင့် အတူနေထိုင် မည် မိသားစုဝင် များ ပတ်သက်မှု စာရွက်စာတမ်းများ
(က) လက်ထပ်စာချုပ်
(ခ) မွေးစာရင်း
ဃ) ကုမ်ပဏီမှ ထောက်ခံစာ (အဓိက နှင့် ပူးတွဲပါ ငှားရမ်းသူများအားလုံး အလုပ်လုပ်သော ကုမ်ပဏီတိုင်းမှ ထောက်ခံစာ)အလုပ်လုပ်ကြောင်း ထောက်ခံစာထုတ်ပေးသောရက်စွဲသည် လျှောက်လွှာတင်မည်ရက်နှင့် ရက်၃၀ အတွင်းဖြစ်ရမည်။ ထောက်ခံစာတွင်
(၁) အလုပ်လုပ်ကိုင်နေသူ၏ အမည်
(၂) ရာထူး
(၃) အိုင်စီ နံပါတ်(အီးပီ နံပါတ်)
(၄) အခြေခံ လစာနှင့်
(၅) ကုမ်ပဏီသို့ စတင်ဝင်ရောက် လုပ်ကိုင်သော ရက်စွဲ တို ့ပါဝင်ရမှာပါ။

င) လတ်တလောရိုက်ထားသော ပါ့စပို ့အရွယ် ဓာတ်ပုံ ၂ပုံ
အဓိက ငှားရမ်းမည် သူ၏ မိသားစုဝင်ထဲတွင် ကျောင်းသား(စတူးဒင့်ပါစ့် ကိုင်ဆောင်ထားသူ)ပါလျှင် ကျောင်း(တက်ကသိုလ်)မှ ထောက်ခံစာပါရမည်။ အဆိုပါ ထောက်ခံစာတွင် ကျောင်းသားအမည်။ ဘာသာရပ် နှင့် တက်ရောက်နေသော နှစ် အပိုင်းအခြားတို ့ပါဝင်ရပါမယ်

၃. အဓိက ငှားရမ်းမည့် သူသည် GIRO ဂျိုင်ရို (အွန်လိုင်း ငွေပေးချေမှု) ပြုလုပ်ရန် ဘဏ်စာအုပ် ယူဆောင်လာရပါမယ်ဘဏ်စာအုပ်မရှိပါက ဘဏ်အကောင့် နံပါတ်ကို ပြသရပါမယ်

၄. လျှောက်လွှာတင်ရာတွင် အောက်ပါဝန်ဆောင်ခများ ပေးဆောင်ရ
ပါမယ်

က) ပထမ တလစာ(လ တစ်ဝက်မှ စငှားလျှင် တလခွဲစာ) နှင့် လစဉ်ပေးရမှာပါ (ဝန်ဆောင်ခ နှင့် ထိမ်းသိမ်းခ) Service & Conservancy Charges
ခ) စဘော်အဖြစ် တင်ထားရမည့် (တလစာ) အိမ်ခန်းငှားခ နှင့် လစဉ်ပေးရမည့် (ဝန်ဆောင်ခ နှင့် ထိမ်းသိမ်းခ)
ဂ) တံဆိပ်ခေါင်းခွန် နှင့်
ဃ) ရုံးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်ခ
အတွေ ့အကြုံအရ ပြောရရင်တော ့ (အနီးစပ်ဆုံးဈေးတွေပါ)
(ဝန်ဆောင်ခ နှင့် ထိမ်းသိမ်းခ) တလကို ၅၀ ကနေ ၆၅ ဒေါ်လာလောက် ပေးရမှာဖြစ်ပြီး အထူးသတိပြုဖို ့က လစဉ်ပေးဆောင်ရမှာဖြစ်ပါတယ်။
တံဆိပ်ခေါင်းခွန် ကတော့ တကြိမ်ထည်း ပေးရမှာဖြစ်ပြီး ၁၇၀ ဒေါ်လာလောက် ပေးရမှာဖြစ်ပါတယ်။
ရုံးလုပ်ငန်းဆိုင်ရာ ဝန်ဆောင်ခ ကလည်း တကြိမ်တည်း ပေးရမှာဖြစ်ပြီး ၉၀ ဒေါ်လာလောက် ပေးရမှာဖြစ်ပါတယ်။
အထက်ပါ အချက်အလက်များ မပြည့်စုံပါက လျှောက်လွှာကို လက်ခံမည်မဟုတ်ကြောင်းနှင့် ဖုန်းဖြင့် သော်လည်းကောင်း အခြား တစ်နည်းနည်းဖြင့် ကြိုတင်ရယူခြင်းများ ခွင့်မပြုကြောင်း နောက်ဆုံး မှာ ဖော်ပြထားပါ သေးတယ်။
အထက်က အချက်များကတော့ ဂျေတီစီကနေ ဖော်ပြထားတဲ့ သတ်မှတ်ချက်လေးတွေ ဖြစ်ပါတယ်။

အတွေ ့အကြုံ နဲ့ မှတ်သား မိသလောက် ဘာသာပြန်ပေးထားတာပါ။

အပိုင်း(၂) ကို ဆက်ပြီးအချိန်ရတာ နဲ့ ရေးသွားပါ့မယ်

ညီမူရာ


Share

CBox

My CBox has been hijacked by some spammer. So, CBox has been removed. Sorry for inconvenience causes.